Monday, July 4, 2016

ကိုယ့်လူမျိုးကိုယ့်ဘာသာကိုမှ ကာကွယ်ရမှန်း မသိတဲ့ သူဟာ နိုင်ငံဦးဆောင်မဖြစ်သင့်ဘူး ၊

ဦးသိန်းစိန် နိုင်ငံခြားတွေ အကြိမ်ကြိမ်အခါခါ
သွားခဲ့တယ် ၊
ရိုဟင်ဂျာဆိုတာ မြန်မာမှာမရှိကြောင်းထပ်တလဲလဲ
ပြောခဲ့တဲ့အပြင်
ကိုယ့်လူမျိုး သိက္ခာကျမယ့် စကားတစ်လုံးတစ်ပါဒမှ
ပြောဆိုခဲ့တာ မတွေ့ရဘူး ၊

ကာချုပ် နိုင်ငံခြားကိုသွားတယ်
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်
သွားမယ်ဆိုတဲ့ စကားကိုပြောတဲ့အပြင်
ရိုဟင်ဂျာမရှိကြောင်းကိုလည်း ပြောတယ် ၊

ဦးရွှေမန်း အမေရိကားသွားတယ်
၉၆၉ တွေကို ဒီကအပြန် စီစစ်ပြီး ဖမ်းဆီးသင့်ရင်
ဖမ်းဆီးရမယ်ဆိုတဲ့ စကားတွေ လွန်ခဲ့တာတွေရှိတယ် ၊

ဒေါ်စု နိုင်ငံခြားကို အကြိမ်ကြိမ်ခါခါသွားတယ်
ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိဘူးဆိုတဲ့အကြောင်း
တစ်လုံးတစ်ပါဒမှ မဟ ခဲ့ဘူး ၊
ကိုယ့်လူမျိုးတွေကို မမြှင့်တင်တဲ့အပြင်
နိုင်ငံခြားအလုပ်သွားလုပ်နေတဲ့သူတွေကို
ဧည့်သည်ဟာ ဧည့်သည်လိုနေဖို့ဆိုတဲ့
စကားကို ပြောခဲ့တယ် ၊

အခု ရန်ကုန်တိုင်းဝမ်ကြီးချုပ် ဖြိုးမင်းသိန်း
လူမျိုးရေးရာ သံဃာ့ရေးရာနဲ့ပတ်သက်ပြီး
ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင်
မဟနဆိုတာ ရှိနေတဲ့အတွက် မဘသဆိုတာ
တကယ်မလိုအပ်ပါဘူးဆိုတဲ့ စကားကို
ပြောနေတယ် ၊

ဒီတော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာကို
ဘယ်သူတွေက ကာကွယ်ပြီး ဘယ်သူတွေက
ဖျက်ဆီးနေလဲဆိုတာ ဉာဏ်ရှိသူတိုင်း
သိတယ် ၊

ကိုယ့်လူမျိုးကိုယ့်ဘာသာကိုမှ ကာကွယ်ရမှန်း
မသိတဲ့ သူဟာ နိုင်ငံဦးဆောင်မဖြစ်သင့်ဘူး ၊

ဒါဟာ ကမ္ဘာပတ်ပြီး ကိုယ့်လူမျိုးကိုယ့်ဘာသာကို
သိက္ခာချနေခြင်းလို့ပဲ မြင်တယ် ။

အရှင်သောပါက ၊ ပြင်ဦးလွင်

No comments: