Monday, July 4, 2016

ဝန်ကြီးဖြိုးမင်းသိန်း ရူးသွားပြီ ---===---

ဝန်ကြီးဖြိုးမင်းသိန်း ရူးသွားပြီ
---===---

ဖြိုးမင်းသိန်းက မဘသ မလိုအပ်ဘူးလို့ ပြောတယ်ဆိုတဲ့စကားကို စာပဲဖတ်ရတုန်းက တကယ်မဟုတ်လောက်ဘူး ဖွတာပဲဖြစ်မယ်လို့ တွေးနေခဲ့မိသေးတယ်၊ ဒီနေ့မှ ရုပ်သံကို နားထောင်လိုက်တော့ ဒီစကားကို သူတကယ်ပဲ ပြောခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။

အဖွဲ့အစည်းတစ်ခု လိုအပ်တယ် မလိုအပ်ဘူးဆိုတာကို ရိုးရိုးလေးပဲတွေးကြည့်ပါ၊ အဲဒီအဖွဲ့ဟာ လက်ရှိဖွဲ့စည်းပုံအခြခံဥပဒေနှင့် မကိုက်ညီဘူးဆိုရင် မလိုအပ်ဘူး၊

ကိုယ်မထောက်ခံလို့ ကိုယ့်သဘောနှင့် မတိုက်ဆိုင်လို့ မလိုအပ်ဘူးဆိုတဲ့ စကားမျိုးကို ဝန်ကြီးလိုလူတစ်ယောက်ရဲ့ ပါးစပ်က မထွက်သင့်ဘူး။ ဘယ်အဖွဲ့ရှိနေပြီးသားဖြစ်လို့ ဘယ်အဖွဲ့ဖြင့် မလိုအပ်တော့ဘူးဆိုတဲ့ စကားကို တာဝန်ရှိသူဝန်ကြီးတစ်ယောက်ရဲ့ ပါးစပ်က မထွက်သင့်ဘူး။

လူပိန်းနားလည်အောင် ဥပမာပေးရမယ်ဆိုရင် မဟနဆိုတာ အာဏာပိုင်အဖွဲ့၊ မဘသဆိုတာ လူမှူရေးအဖွဲ့ပါပဲ။

ဒီနေရာမှာ ပြောချင်တာက မသဘဆိုတာ သံဃာဦးရေအလွန်များတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ဥပဒေနှင့်မကိုက်ညီတဲ့ အပြောအဆိုအနေအထိုင် အလုပ်အကိုင်တွေကို လုပ်တာမျိုး တစ်ပါးစ နှစ်ပါးစ ရှိကောင်းရှိလာနိုင်တယ်၊ ရှိလာရင် ရှိလာတဲ့ ပုဂ္ဂိုလ်ကို ဝန်ကြီးတစ်ယောက်အနေနဲ့ အရေးယူဖော်ထုတ်နိုင်ပါတယ်။

အဖွဲ့တစ်ခုလုံးကို ခြုံပြီး မရှိသင့်ဘူးဆိုတဲ့ စကားမျိုးကို ပြောဆိုတာကတော့ ဒီမိုကရေစီဆိုတဲ့ခေတ်မှာ တော်ရုံရူးချက်လောက်နဲ့ ပြောထွက်ဖို့မလွယ်ဘူး။

ပြီးတော့ မဘသဆိုတာ မှတ်ပုံတင်ပြီးတရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်တယ်။ မဘသအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဥပဒေနှင့်ကိုက်ညီတဲ့ စည်းကမ်းတွေဖြစ်တယ်။ ဥပဒေနှင့်ကိုက်ညီတဲ့ စည်းကမ်းတွေအတိုင်း မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေရှိလာရင် ရှိလာတဲ့ ပုဂ္ဂိုလ်ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်တယ်။

ဘယ်အဖွဲ့ ရှိနေပြီမို့ ဘယ်အဖွဲ့ကမရှိသင့်တော့ဘူးဆိုတဲ့ စကားမျိုးကို ဝန်းကြီးတစ်ယောက်အနေနဲ့ မပြောသင့်ဘူး။ ပြောလာသည့်တိုင်အောင် အဲဒီအဖွဲ့အစည်းဟာလည်းပဲ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီတော့ ပြောလည်းမထူးဘူး။

အာဏာရှင်ဆန်ဆန် လုပ်မယ်ဆိုရင်တော့ မဘသကို ဆွဲစိလိုက်ပါ။ အာဏာရှင်ခေတ်မဟုတ်တဲ့ အခုလို ဒီမိုကရေစီခေတ်မှာ ဒီလိုစကားမျိုးပြောတာ ဝန်းကြီးဖြိုးမင်းသိန်း ရူးနေတာပဲဖြစ်ရမယ်၊ အာဏာရူးတာလား ပညာရူးတာလား တစ်ခုခုတော့ တစ်ခုခုပဲ၊ ကိုယ့်အထင်ကတော့ စည်းစိမ်းရူးတာပဲဖြစ်မယ်။

အရှင်ကုဏ္ဍလ

No comments: