Monday, July 11, 2016

ဒါမှ မဟုတ် သူတို့ရဲ့ ရက် ၁၀၀ ကို အာရုံလွှဲတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ် ၊

မဘသအဖွဲ့ကြီးကို ဖြုတ်ချလို့မရဘူးဆိုတာ
သူတို့သိတယ်
မဘသ မလိုအပ်တော့ဘူးလို့
ပြော ဆိုတာဟာ သက်သက်
သွေးထိုးစမ်းတာလို့ပဲ မြင်တယ် ၊
ပြသ်သနာရှာတာလို့ပဲ မြင်တယ် ၊

မဘသ က မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်မယ် ၊
ဒေါသထွက်တော့ အမှားလုပ်မိမယ် ၊
ဒီတော့ အမှားကွက်ကို စောင့်ပြီး
မဘသ မကောင်းကြောင်း
မဘသ ဆိုးကြောင်း ကမ္ဘာကသိအောင်
အကြမ်းဖက်အဖွဲ့ဆိုပြီး သိက္ခာချမယ် ၊

ဒါမှ မဟုတ် သူတို့ရဲ့ ရက် ၁၀၀ ကို
အာရုံလွှဲတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ် ၊

ဒါပဲ သူတို့ ရည်ရွယ်ချက်က ၊

မိမိလည်း ကြားကြားခြင်း
ဒေါသဖြစ်မိတာတော့ အမှန်ပဲ ၊

တစ်ခု သတိထားရမှာက မဘသအနေနဲ့
တစ်ဖက်က စွတ်စွဲ တိုက်ခိုက်လာရင်
ငြိမ်နေလို့တော့မရဘူး ၊

ငြိမ်နေရင် ဝန်ခံရာကျမယ် ၊

မဟုတ်ရင် မဟုတ်တဲ့အကြောင်း
ဥပဒေ ဘောင်အတွင်းက ဖြေရှင်းတတ်ဖို့တော့ လိုမယ် ၊
အတတ်နိုင်ဆုံး ကိုယ့်ဘက်က
အပြောအဆို ၊ အရေးသား မမှားအောင်တော့
ဂရုစိုက်ကြပါ ။

အရှင်သောပါက ၊ ပြင်ဦးလွင်

No comments: