✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ကမာရွတ်မြို့နယ်ရှိ အမေရိကန် သံရုံးဝင်းတွင် ယနေ့ (ဇူလိုင် ၂၄ ရက်) ညနေ ၇ နာရီ ၄၀ မိနစ်က မျက်ရည်ယိုစေသည့် အငွေ့များ ထွက်လာကြောင်း ကမာရွတ်မြို့နယ်မှူး ရဲမှူး ဇော်ဝင်းက ပြောကြားသည်။
“ငရုတ်ကောင်းမှုန့်အနံ့လိုမျိုး ဓာတ်ငွေ့တွေ သံရုံးထဲက ထွက်လာတာ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူနဲ့ သံရုံးရှေ့ ကားဖြတ်မောင်းသူတွေ သတင်းပေးပို့လို့ သိခဲ့ရတယ်"ဟု ၎င်းက ဆိုသည်။
သံရုံးထဲမှ ထွက်လာသည့် ယင်းဓာတ်ငွေ့များ ကြောင့် အနီးအနားရှိ ပြည်သူများ မျက်ရည်ယိုခဲ့ပြီး လူမှုကွန်ရက်တွင် အမေရိကန် သံရုံးထဲ မျက်ရည်ယိုဗုံး တွေ့ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
သံရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ ခြံဝန်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံး စမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သံရုံးရှေ့တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်သံရုံးက ဇူလိုင်လ ၂၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဖြစ်စဉ်အသေးစိတ်ကို ပြောကြားမည်ဖြစ်ကြောင်း ပထမဆုံး ပြုလုပ်သည့် လေ့ကျင့်ရေး အစီအစဉ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကမာရွတ်မြို့နယ်မှူး ရဲမှူးဇော်ဝင်းနှင့် အမေရိကန်သံရုံးတို့ထံမှ သိရသည်။
ဓာတ်ပုံ - ရဲပြည့်ဇာနည်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 25, 2016
ကမာရွတ်ရှိ အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံးကွဲ၊ အနီးအနားရှိ ပြည်သူများ မျက်ရည်ယိုခဲ့ရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment