Monday, July 25, 2016

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်ကို ရေချိုငါး တန်ချိန် ၁ ဒသမ ၃ သန်းဖမ်းမိရရှိပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ရေချိုငါးအဖမ်းမိဆုံး စတုတ္ထမြောက်နိုင်ငံဖြစ်ပါသည်။ ရေချိုငါးလုပ်ငန်းအပေါ်မှီခိုနေသော ပြည်သူအရေအတွက်သည်လည်း ၁ ဒသမ ၅ သန်းရှိပါသည်။ ဤသည်မှာ အမိဧရာဝတီအပါအဝင် မြန်မာနိုင်ငံ၏ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့က မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ စားဝတ် နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှု နာမူနာတစ်ခုသာဖြစ်ပါသည်။ တင်ပြလိုသည်မှာ ဤမြစ်၊ ချောင်း၊ အင်း၊ အိုင် သဘာဝပတ်ဝန်းကျင်တို့သည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ တည်ရာမှီရာ အသက်သခင်ကျေးဇူးရှင်များဖြစ်ပါသည်။

#shanniunity

No comments: