Thursday, July 7, 2016

ဖားကန့်ရှိ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်သူခြောက်ဦးကို ဖမ်းဆီး


ဖားကန့်ဒေသရှိ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်တွင် ပါဝင်သူလူခြောက်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စုလယ်ပြင်ကျေးရွာ တွင် ခွင့်ပြုချက်မရှိဘဲဆောက် လုပ်ထားသော ယာယီဝတ်ပြု ဆောင်တစ်ခုကို လူအင်အားငါး ရာခန့်က ဇူလိုင် ၁ရက် ညနေ၌ မီး ရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ယင်း ဖြစ်စဉ်တွင် နောက်ကွယ်မှ သွေး ထိုးလှုံ့ဆော်သူဟု သံသယရှိသူ များကို ရဲတပ်ဖွဲ့က စောင့်ကြည့်ပြီးနောက် အမျိုးသားငါးဦးနှင့်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီးထွန်းဦးကပြောသည်။

အဆိုပါအမှုကို စစ်ဆေးနေ သည့် ရဲအရာရှိတစ်ဦးက ‘‘ရှေ့ဆုံး ကနေ တွန်းဝှေ့ပြီးမှ ခေါင်မိုးပေါ် တက်ဖျက်တဲ့သူတွေ၊ လှုံ့ဆော် စည်းရုံးပြီး လူတွေကိုစုပြီးရေဝေ တယ်၊ စားစရာတွေလိုက်ဝေတဲ့ သူတွေ၊ စုံစမ်းစစ်ဆေးမှုတွေလုပ် ခဲ့ပြီး ဖမ်းဆီးစစ်ဆေးနေပါပြီ’’ဟု ပြောသည်။ ယခုဖမ်းဆီးလိုက်သူ ခြောက်ဦးတွင် ဒေသခံမဟုတ်ဘဲ ရေမဆေးကျောက်လာရှာသည့် အခြားဒေသမှ လူအချို့လည်းပါ ၀င်ကြောင်း သတင်းရရှိသည်။

‘‘ဓာတ်ပုံမှတ်တမ်းတွေရှိ တယ်။ သူတို့ကိုယ်တိုင်လည်းဝန်ခံ ထားတယ်’’ဟု အထက်ပါရဲအရာ ရှိက ပြောသည်။ ဖမ်းဆီးထားသူ အားလုံးကို ဥပဒေနှင့်ဆန့်ကျင် သော အစုအဝေးတွင်ပါဝင်မှုပုဒ်မ ၁၄၅၊ မီးရှို့ဖျက်ဆီးမှုနှင့် ဆူပူ အောင်လှုံ့ဆော်မှုပုဒ်မ ၄၃၆/၁၁၄ တို့ဖြင့်အမှုဖွင့်ထားကြောင်း သ တင်းရရှိသည်။

ဖျက်ဆီးခံရသော အ ဆောက်အအုံသည် တရားမ၀င် ဆောက်လုပ်ထားခြင်းဖြစ်သော် လည်း မီးရှို့ဖျက်ဆီးမှုတွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် သူများရှိနေပြီး ဆူပူမှုဖြစ်အောင် တမင်ဖန်တီးခြင်းဖြစ်နိုင်ကြောင်း လုံးခင်းနှင့် ဖားကန့်ဒေသခံများ ကိုယ်တိုင်သံသယရှိနေသည်။ မီး လောင်ရာနေရာသို့ မည်သူ့ကိုမျှ ၀င်ခွင့်မပေးဘဲ တားမြစ်ဧရိယာ အဖြစ်သတ်မှတ်ထားကာဒေသ တွင်းလုံခြုံရေးတိုးမြှင့်ထားဆဲဖြစ် ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ယင်းဖြစ်စဉ်တွင် နောက် ကွယ်မှ စည်းရုံးလှုံ့ဆော်သူရှိ၊မရှိ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေ နှင့်အညီ ထိထိရောက်ရောက်အ ရေးယူမည်ဟု အစိုးရကသတင်း ထုတ်ပြန်ထားသည်။
7Day

No comments: