Thursday, July 7, 2016

အာဏာရှင်လက်သစ်တို့ ဇောင်းထလေပြီ *************************************

အာဏာရှင်လက်သစ်တို့ ဇောင်းထလေပြီ
*************************************
ကျွန်တော်တို့ပြည်သူကတော့ အာဏာရှင် ဆိုတာနဲ့ ဦးနေဝင်း ၊ ဦးသန်းရွှေတို့ကိုသာ ပြေးမြင်ကြမှာပဲ။ သေနက်ကိုင်ပြီး ဖိနှိပ်ခဲ့တာဆိုတော့လည်း နာကြပေမပေါ့။ အာဏာရှင်ဆိုတာ သေနက်ကိုင်ပြီး ဖိနှိပ်မှ အာဏာရှင်မဟုတ်ဘူး။ အာဏာရပြီးတဲ့အခါ ငါထင်ကုတင်ရွှေနန်း လုပ်ချင်ရာလုပ် ၊ စည်းလွတ်ဘောင်လွတ် ဖြစ်လာရင်လည်း အာဏာရှင်လို့ သမုတ်ရမှာသာ ဖြစ်ပါတယ်။

လက်ရှိအစိုးရက "ပြည်သူ့အစိုးရ" လို့ ကြွေးကြော်ပြီး တတ်လာတဲ့အစိုးရပါ။ ပြည်သူ့အစိုးရကို ဦးဆောင်တဲ့ လူထုခေါင်းဆောင်ဆိုသူရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်ကြည့်ပါအုံး။ သူမကို နေအိမ်အကျယ်ချုပ် ချထားစဉ်မှာ အနောက်ကမ္ဘာ နှင့် အမေရိကန်ကို စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုခဲ့တယ်။ ပြည်သူတွေက စီးပွားရေးကြပ်တည်း လာတဲ့အခါ အာဏာရှင်ကို အပြစ်ဖို့တယ်။ စီးပွားရေးပိတ်စို့မှုတွေရဲ့ လက်သည်တရားခံရဲ့ အပြစ်ကိုတော့ ဘယ်သူမှ မမြင်ကြဘူး။ စီးပွားရေးပိတ်စို့မှုကို ဆန့်ကျင်တဲ့ နိုင်ငံရေး အင်အားစုတွေကိုတော့ အာဏာရှင်ရဲ့ လက်ကိုင်တုတ်လို့ ရိုးစွပ်ခဲ့ကြတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ လက်ရှိအာဏာရအုပ်စုဖြစ်တဲ့ NLDဟာ ၂၀၁၀မှာ ရွေးကောက်ပွဲမဝင်ခဲ့ဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာ အလေးထားခဲ့ကြတယ်။ ဥပဒေနဲ့အညီ ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့ တင်းခံခဲ့ကြတယ်။ အမေရိကန် နှင့် အနောက်နိုင်ငံတွေရဲ့ တွန်းအားကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အာဏာရှင်ကို မုန်းလွန်းတဲ့ တိုင်းရင်းသား ပြည်သူတွေဟာ တိုင်းပြည်အစစအရာရာ ခြွတ်ခြုံကျနေတာကို ဒေါ်စုက ကယ်တင်နိုင်လိမ့်မယ်ဆိုတဲ့ အတွေးပဲ ကြီးဆိုနေခဲ့ကြတယ်။ တကယ်တန်း NLDလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းကို ဘာမှန်း ညာမှန်း မသိခဲ့ကြဘူး။
၂၀၁၂လွှတ်တော်ထဲရောက်လာတဲ့ NLDအမတ်တွေရဲ့ အရည်အချင်းကို ပြည်သူတစ်ယောက်အနေနဲ့ အကဲခတ်မိတာကတော့ အစိုးရလုပ်သမျှကို ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ လက်မခံဘဲ ကလန့်တိုက်နိုင်တာ သူတို့အရည်အချင်း။ ပြည်သူတွေက အားကိုးတကြီး မျှော်လင့် တောင်းဆိုလာရင် "ကျွန်မတို့မှာ လုပ်ပိုင်ခွင့် အာဏာမရှိပါဘူး" ဆိုတာလည်း သူတို့အရည်အချင်းပါပဲ။ ၂၀၁၂မှာ NLDလွှတ်တော်အမတ် ဒေါ်စန္ဒာမင်း နာမည်ရခဲ့တဲ့ အလုပ်တစ်ခုတော့ ရှိပါတယ်။ "ပြည့်တန်စာဥပဒေ"ကို ဦးဆောင် တင်သွင်းခဲ့တဲ့အတွက် ပြည်သူတွေက ချစ်စနိုးနဲ့ "ဖာစန္ဒာမင်း"လို့ ဘွဲ့အပ်နှင်းခဲ့ ပါတယ်။ အဲဒီလို ပြည့်တန်စာလေးတွေရဲ့ ဘဝကို စာနာနားလည်ပြီး ဥပဒေနဲ့ အကာအကွယ်ပေးချင်တဲ့ ဒေါ်စန္ဒာမင်းတို့ အုပ်စုဟာ "အမျိုးစောင့်ဥပဒေ"ခေါင်းစဉ်အောက်က ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ ၊ တစ်လင်တစ်မယားစနစ်ဥပဒေ ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ တွေကိုတော့ မိုးတစ်ဆုံး လေတစ်ဆုံး ခွက်ခွက်လန် ကန့်ကွက်ခဲ့ကြပါတယ်။ ဖာစန္ဒာမင်းတစ်ယောက်တည်း ကန့်ကွက်တာ မဟုတ်ဘဲ လူထုခေါင်းဆောင်အမည်ခံကစလို့ တစ်အုပ်စုလုံးက ကန့်ကွက်ကြတာ ဖြစ်လို့ ဒေါ်စန္ဒာမင်း အရှေ့က "ဖာ" ဘွဲ့နဲ့ ထိုက်တန်သူတွေ များပါတယ်။

အာဏာရှင်ကို တော်လှန်ပြီး ပြည်သူ့အစိုးရ အမည်ခံပြီး တက်လာတဲ့ အစိုးရ အကူးအပြောင်းကာလမှာပဲ လူမျိုးလိမ်ဇာတ်ကို အသက်သွင်းတဲ့ လုပ်ရပ်စတင်လာပါတယ်။ ပြည်သူတွေက လက်မခံဘဲ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ထုတ်ပြန်ကန့်ကွက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ရိုင်းရိုင်းပြောရရင်တော့ ဒေါ်စုဦးဆောင်တဲ့ လက်ရှိအစိုးရဟာ "ဆန္ဒဖော်ထုတ်တောင်းဆိုမှုတွေကို လုံးဝ စောက်ဂရုမစိုက်တဲ့ ပုံစံမျိုး" ရပ်တည်ခဲ့ပါတယ်။ ခိုးဝင်ဘင်္ဂလားကို လူမျိုးလိမ်ဇာတ် သွင်းနေတာဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ထိုးနည်းလည်းကောင်းပဲ။ ဦးသိန်းစိန်အစိုးရက လူမျိုးလိမ်ဇာတ်ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်။ ပြည်သူ့အစိုးရအမည်ခံတွေကတော့ သူတို့အာဏာရအောင် မဲတွေ ပုံအောပေးခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မျက်နှာမှမထောက် ခိုးဝင်ဘင်္ဂလားကို ကယ်တင်ရှင်ကြီးတွေ အဖြစ်နဲ့ ဆောင်မကြည့်ရှုလိုကြတယ်။ အစိုးရအနေနဲ့ လူမျိုးလိမ်ဇာတ်ရှုပ်ကို ပြတ်ပြတ်သားသား ထုတ်ပြန်ကန့်ကွက်ဖို့ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ ပုသိမ် ၊ မော်လမြိုင် ၊ ပခုက္ကူ ၊ ဘာအံ အစရှိတဲ့ မြို့တွေမှာ ဆန္ဒဖော်ထုတ် တောင်းဆိုမှုတွေ လုပ်ခဲ့ပေမယ့် ဒီအစိုးရ လုံးဝ စောက်ဂရုမစိုက်တာကို ကြည့်ခြင်းအားဖြင့် အာဏာရှင် လက်သစ်လို့ ဆိုနိုင်ပါတယ်။
အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ ဂျနီဗာအစည်းအဝေးမှာ ခိုးဝင်ဘင်္ဂါလီကို "ရခိုင်ပြည်နယ်မှ မူစလင်အသိုင်းအဝိုင်း" ပြောဆိုခဲ့ပြန်တယ်။ အဲဒီအသုံးအနှုန်းကို တိုင်းရင်းသား ပြည်သူတွေအား ချပြပြီးမှ ပြောတာလား။ ဘာတစ်ခုမှ ချပြမသွားဘဲ ပြောချင်ရာပြောခဲ့တာလား။ လေ့လာကြည့်ပါ။ မူစလင်တွေ အလိုကျ ဖြစ်ဖို့အရေး တိုင်းရင်းသား ပြည်သူမျက်နှာကို အိုးမဲသုတ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဏာရှင် လုပ်ရပ်မျိုးသာ ဖြစ်ပါတယ်။
အာဏာရှင် ဟုတ်လား/မဟုတ်ဘူးလား ဆိုတာ ဇာတိသရုပ်က ပေါ်လာပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆိုသူ ဖြိုးမင်းသိန်းဟာ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ်မှာ "မဟန ရှိနေပြီ ဖြစ်တဲ့အတွက် မဘသ မလိုအပ်ဘူး"လို့ ပြောခဲ့တယ်။ ဖြိုးမင်းသိန်း လေ့လာမှုအား နည်းတာပဲလား။ လူလိုစဉ်းစားရင်လည်း သိနိုင်ပါတယ်။ နွားလိုစဉ်စားပြီး ထင်ရာမြင်ရာပြောခြင်းကြောင့် အတော်လေး ပွဲဆူသွားပြီ။ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ အစ္စလာမ် ဘာသာရေးခေါင်းစဉ်တွေအောက်မှာ အဖွဲ့အစည်းမျိုးစုံရှိတယ်။ အခြားသော ဘာသာတွေရဲ့ အမျိုးမျိုးသော အဖွဲ့အစည်းတွေကို ဖြိုးမင်းသိန်း ဘာပြောဝံ့ပါသလဲ။ ဗုဒ္ဓဘာသာဝင် ဆရာတော်သံဃာတော်တွေ ဦးဆောင်ပြီး အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မဘသ ကိုမှ ခလုပ်လာတိုက်တယ်ဆိုတော့ မင်းရင်ထဲက ဘာသာတရာအပေါ် အလေးထားမှုမရှိတဲ့ သရုပ်မှန် ပေါ်လွင်လာတယ်။ ဖြိုးမင်းသိန်းဟာ စင်္ကာပူမှာ ပြောရုံမျှနဲ့ အားမရသေးဘူး။ ရန်ကုန်လေဆိပ်ကိုရောက်တော့လည်း အရွဲ့တိုက်ပြီး ထပ်ပြောသွားတယ် ဆိုတော့ ဒီကောင်ဟာ နှုတ်မစောင့်သော လိပ်လို အသေဆိုးနဲ့ သေရမယ့်အဖြစ်မျိုးကို ရောက်လိမ့်မယ်။

ပြည်သူ့အစိုးရလို့ ခင်ဗျားတို့ပါးစပ်က ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ ခင်ဗျားတို့တွေရဲ့ လုပ်ကိုင်ပြောဆိုမှုတွေဟာ အာဏာရှင်ဆန်ဆန် ဖြစ်နေရင်တော့ အာဏာရှင်ပဲ။ အားကိုးတကြီး စောင့်မျှော်ခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သတိရှိပါ။ ဒီအစိုးရဟာ တိုင်းတပါးသားကို မစော်ကားဘူး။ ကိုယ့်တိုင်းရင်းသား နှင့် တိုင်းရင်းသား ပြည်သူအများစု ကိုးကွယ်ရာ ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ စော်ကားဖို့ ဝန်မလေးတော့ဘူးဆို ပေါ်လွင်လာပြီ။ အာဏာရှင်လက်သစ်တွေ သံဃာစင်ပါ မှောက်ဖို့ကြံလေပြီ။

နောင်တော်လေး (ဘိုကလေး)

No comments: