Thursday, July 7, 2016

ဖြိုးမင်းသိန်း အောက်ခြေလွတ်နေသည် မှောက်လျက်လဲရင် အထိနာတော့မည်(၃) ============================


မဟနဟာ ဦးနေဝင်းလက်ထက်မှာ တရားဝင်ဖွဲ့စည်းပေးခဲ့တာ ဖြစ်သလို မဘသဟာလည်း
ဦးသိန်းစိန်လက်ထက်တုန်းက တရားဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မဘသကို nld အစိုးရက မလိုလားဘူးဆိုရင်တောင် မဘသကို nld အစိုးရက ဖျက်သိမ်းလို့ မရပါဘူး။

၂၀၁၃ ခု ဂိုဏ်းပေါင်းစုံ ကမ္ဘာအေး သံဃာ့ညီလာခံကြီးက
အသိအမှတ်ပြုထားလို့ပါပဲ။

nld အစိုးရက မဘသကို အရမ်းကြီးဖျက်သိမ်းပစ်ချင်နေတယ်ဆိုရင်တော့ ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီး ပြန်ပင့်ရပါလိမ့်မယ်။

အဲညီလာခံကြီးက  ဆယ်နှစ်တစ်ကြိမ် ဆယ့်ငါးနှစ်တစ်ကြိမ်တောင် ကျင်းပဖို့ မလွယ်ပါဘူး။

ညွှန်ကြားလွှာ ၂၀/ ၉၀ ကို
ကိုင်ပြောနေတာတွေလည်း
တွေ့ရပါတယ်။
အဲညွှန်ကြားလွှာတွေက ဓားမိုးခံရတုန်းက ရေးဆွဲပေးခဲ့ရတာပါ။
အထူးသဖြင့် နိုင်ငံရေးသမဂ္ဂတွေကို နှိပ်ကွပ်ဖို့ပါ။

ညွှန်ကြားလွှာတွေကို ပြင်ဆင်ဖို့လည်း ၂၀၁၃ ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးက ဆုံးဖြတ်ပြီးခဲ့ပါပြီ။

တိုင်းနဲ့ပြည်နယ် အသီးသီးကလည်း ပြင်ဆင်စရာတွေကို စုစည်းထားသလို
တစ်နိုင်ငံလုံးရှိ သံဃာထုထံမှ အကြံဥာဏ်တွေလည်း တောင်းထားပြီးပါပြီ။

ပြင်ဆင်ခွင့် ဖျက်သိမ်းခွင့်ရှိတဲ့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
ဆရာတော်တွေလည်း ကိုင်တွယ်နေကြပါပြီ။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်တွေဆိုတာ ဥပဒေပြုရေးမဏ္ဍိုင်ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူတူပါပဲ။

မဟနဆိုတာ ဗဟိုဝန်ဆောင်မောင်းနှင်မှုအတိုင်း အုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ပါ။

nldအစိုးရဖိအားကြောင့် မဟနက မဘသကို ဖျက်သိမ်းချင်ရင်တောင် မဟနသဘောတစ်ခုတည်းနဲ့ ဖျက်ခွင့်မရှိပါဘူး။
သံဃာ့လွှတ်တော်ကိုယ်စားလှယ်
ဗဟိုဝန်ဆောင်ဆရာတော်တွေ မပါဝင်ဘဲ ဖျက်လို့မရပါဘူး။

တစ်နိုင်ငံလုံးမှာ ဗဟိုဝန်ဆောင်ဆရာတော်တွေ ၃၀၀ ကျော်ရှိပါတယ်။

ဗဟိုဝန်ဆောင်အစည်းဝေးခေါ်ရမယ်။
မဲခွဲဆုံးဖြတ်ရမယ်။
ပြီးမှ ဂိုဏ်းပေါင်းစုံမှာ အတည်ပြုမှုယူရမယ်။

ဗဟိုဝန်ဆောင် အစည်းဝေးမှာ မဲခွဲတဲ့အခါ မဘသလိုအပ်ဘက်ကများမလား?
မဘသမလိုအပ်ဘက်က များမလား?
လေ့လာဖို့လည်းလိုပါဦးမယ်။

မဟနက ဦးနေဝင်းလက်ထက်မှာ။
မဘသက
ဦးသိန်းစိန်လက်ထက်မှာ။
လိုအပ်လို့ပေါ်လာတာချည်းပါပဲ။

ဂိုဏ်းပေါင်းစုံလည်း မစောင့်နိုင်။
ဗဟိုဝန်ဆောင်လည်း စည်းဝေးစရာ မလိုဘဲ မဘသကို
ဖျက်သိမ်းလို့ရတဲ့ တစ်နည်းတော့ ရှိပါသေးတယ်။
အဲဒါကတော့ ငွေကြာရံတို့
သန္တိသုခတို့ကို ဝင်စီးတဲ့နည်းပါပဲ။

အဲလိုလုပ်ရင်တောင်မှ
မဘသရုံးသာ ပျက်မှာ
အဖွဲ့နဲ့ အလုပ်က ပျက်မှာ မဟုတ်ဘူး။

ဒါကြောင့် မဘသရဲ့အနာဂတ်က
nld ရဲ့ အနာဂတ်ထက် ပိုခိုင်မာတယ်ပြောတာပေါ့။

မဘသထဲမှာ အာဏာရူးတွေမရှိဘူး။
ဘဝင်ကြောင်တွေလည်း မရှိဘူး။
ကုလားကိုမှ ဘုရားထင်နေကြသူတွေလည်း မရှိဘူး။
ပြည်ပအားကိုးနဲ့ အမျိုးဖျက်နေတဲ့သူတွေလည်းမရှိဘူး။

မဘသဆရာတော်တွေရဲ့
နိုင်ငံရေးအမြင်
နိုင်ငံရေးခံယူချက်
နိုင်ငံရေး ရပ်တည်ချက်
နိုင်ငံရေးယုံကြည်ချက်တွေက nld ထက်လည်းသာတယ်။
ကြံ့ခိုင်ရေးထက်လည်းသာတယ်။
နိုင်ငံရေးဘုန်ကြီးတွေထက်လည်းသာတယ်။

မဘသကို လုပ်ကြံချင်သူတွေဟာ
တိတ္ထိတွေလို ရေထဲဆင်းသေကြရမည့်သူတွေသာ ဖြစ်တယ်။

ဝီရသူ (မစိုးရိမ်)
6.7.2016 pm 10:50

No comments: