Thursday, July 7, 2016

ဖြိုးမင်းသိန်း အောက်ခြေလွတ်နေသည် မှောက်လဲရင် အနင်းခံရတော့မည် (၂) ==========================


မဟနအဖွဲ့ ရှိနေပြီးဖြစ်လို့ မဘသအဖွဲ့ မလိုအပ်ဘူးဆိုတဲ့
အကြောင်းပြချက်ကို ကြည့်ရင် ဖြိုးမင်းသိန်းဟာ မဟနနဲ့ မဘသ မကွဲဘူးဆိုတာ သိသာတယ်။

မသိရင် မှတ်ထား
မဟနဆိုတာ သံဃာ့အစိုးရ
မဘသဆိုတာ ကလောင်ကိုင်တပ်မတော်။

အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေး
တစ်လိုင်းစီ။

စစ်တပ်ဟာ အစိုးရရဲ့ အစိတ်အပိုင်းဖြစ်သလို
မဘသဟာ မဟနရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။

လုပ်ငန်းချင်းတော့ မတူဘူး။
မဟနက သာသနာတော် ထွန်းကားပြန့်ပွားရေး
မဘသက သာသနာတော် ကာကွယ်စောင့်ရှောက်ရေး။

မဟန က ၄၇ ပါးနဲ့ ဖွဲ့စည်းထားတာ။
လူတွေမပါဘူး။
မဘသက သံဃာထုနဲ့ ဖွဲ့စည်းထားတာ။
အမျိုးသား အမျိုးသမီး အစုံအလင်ပါတယ်။
ဥပဒေပညာရှင်တွေလည်းပါတယ်။

မဟနအခန်းကဏ္ဍမဟုတ်တာတွေက မဘသအခန်းကဏ္ဍဖြစ်နေပြီး
မဘသအခန်းကဏ္ဍမဟုတ်တာတွေက မဟနအခန်းကဏ္ဍဖြစ်နေတယ်။

မဘသက ခေတ်အခါအရ လိုအပ်လို့ပေါ်လာတာ။
မဘသက နိုင်ငံရေးဘုန်းကြီးတွေလို အလုပ်လက်မဲ့တွေ မဟုတ်ဘူး။

စာချဆရာတော်တွေလည်း မအားတဲ့ကြားက မဘသတာဝန် ဝင်ကူထမ်းနေကြတယ်။

တရားပြဆရာတော်တွေလည်း
မအားတဲ့ကြားက မဘသတာဝန် ဝင်ကူထမ်းနေတယ်။

တရားဟောဆရာတော်တွေလည်း မအားတဲ့ကြားက မဘသတာဝန် ဝင်ကူထမ်းနေကြတယ်။

ဝင်မကူတဲ့အပြင် ဝေဖန်လေကန်နေတဲ့ နိုင်ငံရေးဘုန်းကြီးတွေကိုကြည့်လိုက် ဓုရဝိမုတ်- အလုပ်လက်မဲ့တွေဖြစ်နေတာကို တွေ့ရလိမ့်မယ်။

တကယ်လို့ ဖြိုးမင်းသိန်းက မဘသမလိုအပ်ဘူးလို့ ထင်မြင်နေရင် မဘသအထူးလိုအပ်ကြောင်း
သမိုင်းကြောင်းများစွာ သာဓကပေါင်းများစွာတွေနဲ့ လက်တွေ့ သင်တန်းပို့ချပေးပါ့မယ်။

ဖြိုးမင်းသိန်းနဲ့အတူ မဘသမလိုအပ်ဘူးယူဆသူများ ကို သီးသန့်အချိန်ပေးပြီး သင်တန်းပို့ချပေးမှာပါ။

အဲဒီလိုပဲ
မဘသမလိုအပ်ဘူးယူဆနေတဲ့ NLD ပါတီအကြီးအကဲတွေကိုလည်း အထူးသင်တန်းပို့ချပေးပါ့မယ်။

အဲဒီသင်တန်းတွေမှာ အပြန်အလှန်ဆွေးနွေးတာ ပွင့်ပွင့်လင်းလင်း မေးမြန်းတာတွေနဲ့ သံသယတွေကို ကုစားပေးမှာပါ။

လာရောက်သင်ယူ ဆွေးနွေးမေးမြန်းပြီးမှ မဘသ လိုအပ် မလိုအပ် ဆုံးဖြတ်ကြပါ။

ဘာမှမလေ့လာဘဲ  ပယ်နေတာမျိုးကျတော့ ဖြိုးမင်းသိန်းတို့လို နေရာယူထားသူတွေ မပြောနဲ့
သာမန်အရပ်သားတစ်ယောက်တောင် မပြစ်မှားအပ်တဲ့ အရာပါ။

သင်တန်းကြေးလည်း ပေးစရာမလိုပါ။
အခြားအခွင့်အရေးလည်း လုံးဝမယူလိုပါ။
ကျေးဇူးစကားတောင် ပြောစရာမလိုပါ။

မဘသရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသွားစေလိုရုံလေးပါ။

ဝီရသူ (မစိုးရိမ်)
5.7.2016 pm 10:26

No comments: