Tuesday, July 5, 2016

ဇူလိုင် ၆၊ ၈၊ ၉၊ ၁၀ ရက် တို့တွင် မြို့နယ်အချို့ နာရီပိုင်းမီးပြတ်တောက်မည် --------- ------ --------


ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းသို့ ဓာတ်အား ဖြန့်ဖြူးပေးနေသော ၃၃ kV နှင့် ၆.၆ kV ကောင်းကင် ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်ခြင်းကြောင်း ဇူလိုင်လ ၆၊ ၈၊ ၉၊ ၁၀ ရက်တို့တွင် မြို့နယ်အချို့၌ နာရီပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ မင်္ဂလာတောင်ညွန့်၊ တာမွေတို့တွင်လည်းကောင်း၊ နံနက် ၉ နာရီမှ နေ့ ၃ နာရီ အထိ အင်းစိန်၊ မင်္ဂလာဒုံတို့တွင် လည်းကောင်း မီးပြတ်တောက်မည်ဖြစ်သည်။ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၉ နာရီမှ နေ့ ၃ နာရီ အထိ အင်းစိန် ၊ မင်္ဂလာဒုံ တို့တွင် မီးပြတ်တောက်မည်ဖြစ်သည်။

ဇူလိုင်လ ၉ ရက်၊ နံနက် ၁၀ နာရီမှ နေ့ ၂ နာရီ အထိ ပုဇွန်တောင် ၊ ဗိုလ်တထောင် တို့တွင်လည်းကောင်း၊ ဇူလိုင်လ ၇ ရက်၊ နံနက် ၁၀ နာရီမှ နေ့ ၃ နာရီ အထိ မင်္ဂလာတောင်ညွန့်၊ တာမွေတို့တွင်လည်းကောင်း၊ နံနက် ၁၀ နာရီမှ နေ့ ၂ နာရီ အထိ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင် ၊ ဗိုလ်တစ်ထောင် တို့တွင် နာရီပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုးသို့ ပြတ်တောက်ရခြင်းမှာ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သဖြင့်၊ တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းအချို့အား ယာယီဓာတ်အားပိတ် ဆောင်ရွက်ရခြင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက ပြည်သူများသို့ လေးစားစွာ အသိပေး ပြန်ကြားထားကြောင်း သိရသည်။

The Ladies News

No comments: