မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူပြီလို့ ကြားလိုက်တဲ့အချိန်မှာ သုဘဒ္ဒရဟန်းကြီးက ငါတို့ လုပ်ချင်တာလုပ်လို့ရပြီ၊ လွတ်လပ်ပြီဆိုတဲ့စကားကြောင့် မထေရ်မြတ်ကြီး အရှင်မဟာကဿ ပ္ပ တုန်လှုပ်၍ ဓမ္မသံဝေဂကြီးစွာ ရတော်မူတယ်။
သူတော်ကောင်းတရားတွေ အားမနည်းမှီ၊ မသူတော်တရားတွေ အားမကောင်းမှီ မြတ်စွာဘုရားတရားတော်တွေ စုစည်းထားမှ ကောင်းမယ်လို့ အကြံဖြစ်တော်မူခဲ့တယ်။
မြန်မာနိုင်ငံလည်း ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ် လျှောက်လာပြီးတဲ့နောက် ငါတို့ လွတ်လပ်ပြီ၊ လုပ်ချင်တာ လုပ်လို့ရပြီ၊ ပြောချင်တာ ပြောလို့ရပြီလို့ အသိဉာဏ်နည်းသူတို့က တွေးထင်ကာ အသက်အရွယ်ကြီးသူ မိဘ ဆရာသမားတို့အပေါ် ရိုသေလေးစားမှု နည်းပါးလာကြတယ်။
ရဟန်း သံဃာတော်များအပေါ် ဆဲရေးတိုင်းထွာ ပုတ်ခတ်မှုတွေ ပြုလုပ်လာကြတယ်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက်နေတဲ့ ရဟန်းသံဃာတော်များကို မရှိသင့်ဘူး မလိုဘူးလို့ ပုတ်ခတ်တိုက်ခိုက်သည့် သုဘဒ္ဒရဟန်းလို ပုဂ္ဂိုလ်များ ပေါ်လာခဲ့တယ်။
ဆရာတော်ကြီးများမှာ စိတ်နှလုံး မချမ်းမသာ ဖြစ်တော်မူကြရတယ်။
သုဘဒ္ဒရဟန်းကြီးကတော့ ပါရမီဉာဏ်ရင့်သန်သူ ဖြစ်လို့ ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန်စံဝင်ခဲ့ ရပေတယ်။
ရဟန်းသံဃာတော် သူတော်ကောင်းများကိုပြစ်မှား ပြစ်မှားစော်ကား ပါရမီဉာဏ် မရင့်သန်သူ ထိုသူတို့အတွက် ပစ္စုပ္ပန် သံသရာ ဝန်လေးမိပါတော့တယ်။ သံဃာ့ဂိုဏ်းမသင့်ပါစေနှင့်ဟူ၍သာ။
အရှင်ဇဋိလ(နတ်မောက်)
၇၊ ၇၊ ၂၀၁၆
No comments:
Post a Comment