Friday, July 8, 2016

မဘသ မရှိဘဲ NLD ကချည်းပဲ အရာရာကို ဖြေရှင်းပေးနိုင်ဖို့ဆိုတာ ဒေါ်စုနှင့်တကွသော NLD အများစုရဲ့ ဖြစ်ချင်တဲ့ဆန္ဒ။

ပြည်သူတွေအဖို့က လူမှုနယ်ပယ်တွင်းမှာ တစ်ချို့သောကိစ္စတွေ ဖြေရှင်းဖို့ မဘသ ရှိဖို့ လိုအပ်တယ်။ တစ်နည်းပြောရရင် မဘသ ပေါ်လာတော့ ပြဿနာတစ်ချို့ကို ဖြေရှင်းနိုင်တယ်။

မဘသ ကောင်းတယ် မကောင်းဘူး မပြောချင်ဘူး။ သို့သော် မဟန တစ်ခုတည်းရှိတုန်းကတော့ ဒီလို လူမှုနယ်ပယ်က ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။

မဘသ က လူမှုနယ်ပယ်မှာ သြဇာအရှိန်အဝါကြီးလာတော့ NLD က လက်ယာအုပ်စု အင်အားကောင်းလာမှာ ကြောက်လာတယ်။ ဒါ့ကြောင့် မဘသ ကို တိုက်ခိုက်လာတယ်။ NLD က နိုင်ငံရေးအမြင်ရှုထောင့်အရ မဘသ ကို မရှိသင့်ဘူး မြင်လာတယ်။ ဒါ့ကြောင့် မဟန နှင့် နှိုင်းယှဉ်ပြောလာတယ်။

ဒါပေမယ့် တစ်ဖက်မှာ လူမှုနယ်ပယ်မှာ မဘသရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးရှိတယ်။ မဟန မတတ်နိုင်တာတွေ အများကြီးရှိတယ်။

NLD အတိုက်အခံဘဝကဆိုရင် မဟန ကိုတောင် အပုပ်ချပြီး ရွှေဝါရောင်သံဃာအဖွဲ့တို့ ရဟန်းပျိုများသမဂ္ဂတို့ကိုတောင် အစိုးရကို အတိုက်အခံပြုဖို့ မြှောက်ပေးလာခဲ့သေးတာမဟုတ်လား။ အခု မဘသက အင်အားကောင်းပြီး အစိုးရနှင့်အပြိုင် သြဇာဖြစ်လာမှ မဟန ကို အမွှမ်းတင်ပြီး မဘသကို ပုတ်ခတ်တာ ဖြိုးမင်းသိန်း နှင့် NLD တို့ မရိုးသားတာပဲ။


NLD တွေ အနေနဲ့ မဘသ ကို မစ္ဆရိယဖြစ်လို့ အဖွဲ့ကို ပြိုကွဲစေချင်တယ်ဆိုလည်း သဘောထားလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ကိုယ်အသာရရေးပဲမကြည့်ဘဲ ပြည်သူတွေဘက်ကလည်း ကြည့်ဖို့လိုတယ်။ အကယ်၍ မဘသ မရှိဘူးဆိုရင် NLD က မဘသ ဖြေရှင်းဆောင်ရွက်နေတဲ့ လူမှုနယ်ပယ်က ပြဿနာအထွေထွေကို မဘသလို ဖြေရှင်းပေးနိုင်မှာလား? မဘသ လို လူမှုအကျိုးပြုလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာလား?

ဣဿာ မစ္ဆရိယ ကြီးထွားလာရင် မိမိကိုယ်ကို ဖျက်ဆီးသလို ဖြစ်တတ်တယ်ဆိုတာ ဖြိုးမင်းသိန်း နှင့် NLD တွေ တရားနှလုံးသွင်းစေချင်တယ်။

No comments: