Thursday, July 28, 2016
ရန်ကုန်မြို့ဧ။် မြို့ပတ်ရထားလမ်းနှင့်ကားလမ်းပုံစံကို ပြောင်းလဲရန်
စဉ်းစားထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင် ကျောင်းသားများနှင့်တွေ့ဆုံစဉ်ပြောသည် ။
ရန်ကုန်မြို့ ရှိမြို့ ပတ်ရထားလမ်းများကို ပေ၅၀ အမြင့်ခန့် မြှင့်တင်ကာ
မီးရထားလမ်းအောက်တွင် Shopping Mall များ၊စားသောက်ဆိုင်များ၊
ကားပါကင်များထည့်သွင်းထားသည့်ပုံစံဖြစ်ရန်၊လက်ရှိမီးရထားသံလမ်းကို
ကားလမ်းအဖြစ်ပြောင်းလဲရန်စဉ်းစားထားကြောင်းဇူလိုင် ၂၇ တွင်
၎င်းကပြောကြားခြင်းဖြစ်သည် ။
'' ကျွန်တော်တို့ ရဲ့မီးရထားလမ်းဟာ မိုင် ၃၀ ပတ်ချာလည်လောက်ရှိပါတယ်။
ရန်ကုန်မြို့ ရဲ့အထင်ကရနေရာတွေအားလုံးဟာ မြို့ ပတ်ရထားရဲ့
တည်ရှိရာဖြစ်ပါတယ်။ပေ ၁၀၀ အကျယ်လောက်အနိမ့်ဆုံးရှိပါတယ်။
တစ်ချို့ နေရာတွေဆိုအကြီးကြီးတွေဖြစ်ပါတယ်။ဒီနေရာကို
စနစ်တကျစီမံခန့် ခွဲခြင်းအားဖြင့် မြို့ ပတ်ရထားလမ်းကို
အဆင့်မြှင့်တင်နိုင်မယ့်အခြေအနေကိုရနိုင်ပါတယ်။ကျွန်တော်တို့ 
စဉ်းစားထားတဲ့ အခြေအနေတစ်ခုတော့ရှိပါတယ်။ဒါကို
စီးပွားရေးအရ ဘယ်လောက်တွက်ခြေကိုက်မလဲဆိုတာကို
လေ့လာဆန်းစစ်မှုတွေလုပ်နေပါတယ်'' ဟု ၎င်းကပြောသည်။
လက်ရှိမီးရထားလမ်းစနစ်ကို မြေပြင်တွင်ပင်ပြုပြင်ပြောင်းလဲမည်ဆိုပါက
၂၀၆ သန်းခန့် ထပ်မံကုန်ကျနိုင်ကြောင်း၊ ထို့ ကြောင့် သယ်ယူပို့ ဆောင်ရေး
တွင် ရထားစနစ်ကို ထိရောက်စွာပြောင်းလဲရမည်ဖြစ်ကြောင်း ၄င်းကပြော
သည် ။
'' အခုကျွန်တော်တို့ အားလုံးဟာ ရထားစီးချင်တယ်ဆိုရင် ကားမှတ်တိုင်
တစ်ခုကနေ ရထားဘူတာကို လမ်းလျှောက်ကြရပါတယ်။
ရထားနဲ့ ကားက အချိတ်အဆက်မမိပါဘူး။သယ်ယူပို့ ဆောင်ရေးစနစ်
အားကောင်းတဲ့နိုင်ငံတိုင်းမှာ ရထားနဲ့ ကားကိုချိတ်ထားပါတယ်။ဒီလိုပါပဲ
မြစ်ဆိပ်တွေနဲ့ ကားမှတ်တိုင်တွေကိုလည်း ချိတ်ထားရမှာဖြစ်ပါတယ်'' ဟု၎င်းကပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများကို ယခုနှစ်ကုန်ခန့် တွင် စတင်နိုင်ရန် ကြိုး
ပမ်းနေကြောင်း၊ပုဇွန်တောင်ချောင်း၊ရန်ကုန်မြစ်၊ပဲခူးမြစ်တို့ ကို
လည်းပြန်လည်ပြုပြင်ပြီးနောက်ပိုင်းတွင် ရေကြောင်းဖြင့် သယ်ယူ
ပို့ ဆောင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရန်ကုန်သယ်ယူ
ပို့ ဆောင်ရေးဏာပိုင်အဖွဲ့ က ဆောင်ရွက်နေပြီဖြစ်ကြောင်းဝန်ကြီးချုပ်
ကပြောကြားခဲ့သည်။
ဖြိုးထက်အောင်
Popular
No comments:
Post a Comment