Thursday, July 28, 2016

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်ကို လော်စပီကာနှင့် ဖွင့်ခဲ့သူအား အမှုဖွင့်အရေးယူ ==========================


၂၈..၇..၁၆
-
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ဝါးရုံဆိပ်အုပ်စု အင်းလျားအရှေ့စုကျေးရွာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံ
တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ရုန့်ရင်းကြမ်းတမ်း
စွာ ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်အား တစ်ရွာလုံးကြားစေရန် လော်စပီကာဖြင့် ဖွင့်ခဲ့သူအား ဝက်ထီးကန်တိုက် နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူမှု ပြုလုပ်
ထားကြောင်း သိရှိရသည်။
-
အဆိုပါကိစ္စအား ဝါးရုံဆိပ်ကျေးရွာအုပ်စု NLD ရပ်ကျေးဥက္ကဋ္ဌမှ တရား
လိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၆ ရက်က အမှုဖွင့်ခဲ့ကာ ဇူလိုင် ၂၇ ရက်တွင် သက်သေများအား ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်း သိရသည်။
-
“ဒီလိုမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ ဒီကိစ္စကို ဝန်ကြီးချုပ်ထိ တင်ပြထားပါတယ်။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို မကြားဝံ့မနာသာ ဆဲထားတဲ့ ဗီဒီယိုဖိုင်တွေကို တစ်ရွာလုံးကြားအောင် ဖွင့်တာပါ။ လုပ်တဲ့သူက ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံး
ရေးမှူးပါ” ဟု NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေကပြောသည်။
-
အဆိုပါဗီဒီယိုဖိုင်အား ကိုမျိုးချစ်ဆိုသူမှ လူမှုကွန်ရက်စာမျက်နှာ Nyi Nyi Zaw အကောင့်ထံမှ ဒေါင်းလုထ်လုပ် ကူးယူခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်၊ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တစ်ရွာလုံးကြားစေရန် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
နေပြီဖြစ်ကြောင်း ဝက်ထီးကန် တိုက်နယ်ရဲစခန်းမှ သိရသည်။
-
“ကျွန်တော်တို့ အနေနဲ့ကတော့ ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် ပုဒ်မ ၂၉၄/၅၀၀ အရ အမှုဖွင့် အရေးယူထားပါတယ်”ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
-
အဆိုပါအမှုနှင့် ပတ်သက်၍ လော်စပီကာနှင့် တွဲဖက်အသုံးပြုခဲ့သောဖုန်းဟန်း
ဆက်အား သက်သေခံပစ္စည်းအဖြစ် သိမ်းယူကာ ကိုမျိုးချစ်အား (ပ)၇၀/၂၀၁၆၊ ပုဒ်မ ၂၉၄၊ ၅၀၀(ဆဲဆိုမှု၊ အသရေဖျက်မှု)အရ အမှုဖွင့်အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။
===========
The Ladies News

No comments: