Thursday, July 28, 2016

ရန်ကုန်တိုင်းဒေသကြီးအစိုးရ က ကြက်တစ်ပိသာ ၃၅၀၀ နဲ့ရောင်းမယ် ဆိုလို့ စိတ်ဝင်စားမိပါတယ်။


ကြက်မွေးမြူ ထုတ်လုပ်သူတွေ
အကြားမှာ အတော်လေး
လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားဟန်တူတယ်။
ကျွန်တော် ကြက်သားစားသုံးသူ တစ်ယောက်ပါ။
ကြက်သားထုတ်လုပ်သူ
မဟုတ်သော်လည်း
အနည်းငယ်မျှ
တီးမိခေါက်မိ ရှိသလောက်
တင်ပြချင်ပါတယ်။
မွေးမြူသူများ ပြောတာက
ခြံဖမ်းဈေး နဲ့
ဈေးကွက်မှာ
ဖြစ်ပေါ်နေတဲ့ ကွာဟချက် က
အဓိက ဖြစ်ဟန် တူပါတယ်။
အဲ့ဒီ ကွာဟချက်ကို ညှိနှိုင်းလိုက်ရင်
ရှဥ့်လည်း လျောက်သာ
ပျားလည်းစွဲသာ အနေအထားတစ်ခုရောက်ပါလိမ့်မယ်။
နောက်တစ်ခု က
အရင်ဒေသကြက်စားသုံး တဲ့
ဈေးကွက် ကလည်း
အရမ်းကြီးမားတယ်လို့ မြင်မိတယ်။
ဈေးကွက်အခေါ် စီပီကြက်
လုံးဝမစားတဲ့ မိသားစုတွေ ရှိပါတယ်။
ဒေသမျိုးရင်းကြက်
ဘယ်လောက်ဈေးကြီးကြီး
စားသုံးမှု ရှိတယ်။
အဲ့ဒီလိုဘဲ ဈေးကွက်မှာ လွယ်လင့်တကူရနိုင်တဲ့ စီပီကြက်ကို စားသုံးတဲ့ မိသားစုကလည်း ဒု နဲ့ဒေးပါ။
အခု လူပြောများနေတဲ့ အေးခဲသား ကိုသာ စားနိုင်တဲ့ အခြေခံလူတန်းစား ကလည်း မြန်မာနိုင်ငံမှာ အများသား။
ကြက်သားထုတ်လုပ်သူများက လည်း
ကိုယ်ကျိုးစီးပွား ထိခိုက်မှာ၊
ကြက်သားထုတ်လုပ်တဲ့လောကကို မှိခိုသူတွေ အတိဒုက္ခရောက်မှာကို စိုးရိမ်တာ၊
ဒါလည်း သဘာဝကျပါတယ်။
အစိုးရအနေနဲ့ကလည်း
အခြေခံလူတန်းစားတွေ
လက်လှန်းမီမယ့် ဈေးနှုန်းနဲ့
ကြက်သားစားသုံးနိုင်အောင်
စီမံတာ ဖြစ်ပါလိမ့်မယ်။
ဘေးအန္တရာယ် ကင်းတဲ့ အေးခဲသား ဖြစ်ဖို့တော့ အရေးကြီးတယ်။
ကျွန်တော့်အထင်
၁ ။ဒေသခံကြက်ကိုမှ စွဲစွဲလမ်လမ်းစားသုံးတဲ့ မိသားစု ရယ်၊
၂ ။ဈေးကွက်မှာ အလွယ်တကူရနိုင်တဲ့
လတ်လတ်ဆတ်ဆတ်
စီပီကြက်ကို စားသုံးတဲ့ သူရယ်၊
၃ ။အေးခဲသားကိုသာ စားသုံးနိုင်မယ့်
လူတန်းစား ရယ် ဆိုပြီး
ဈေးကွက်အလိုအရ
ကြက်သားစားသုံးသူ
အမျိုးအစား ၃ မျိုး
ဖြစ်ပေါ်လာနိုင်တဲ့အတွက်
ကြက်သားထုတ်လုပ်ရောင်းချသူများ
စိုးရိမ်နေသလို
အေးခဲသား တင်သွင်းမှု က
လက်ရှိဈေးကွက် ကို
ဆိုးဆိုးဝါးဝါးထိခိုက်နိုင်လိမ့်မည်
မဟုတ် ဟု
ဈေးကွက်စီးပွားရေး အလိုအရ
ယူဆမိပါသည်။
ကျွန်တော့် ကိုယ်ပိုင်အယူအဆ
ဖြစ်သည့်အတွက်
အများနှင့် ကိုက်ညီချင် မှ
ကိုက်ညီပါလိမ့်မည်။
အကြံပြုခြင်းသက်သက်သာ
ဖြစ်ပါတယ်။

No comments: