Thursday, July 7, 2016

တောင်ကိုရီးယား က မြောက်ကိုရီးယား အား ဆန့်ကျင်သည့် ၀ါဒဖြန့်ချိရေး အသံချဲ့စက်စခန်း များကို နှစ်ဆတိုးမြှင့်မည်





ဆိုးလ် ၊ ၇-၇-၂၀၁၆

တောင်ကိုရီးယား အစိုးရသည် မြောက်ကိုရီးယား နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှု များကို တုံ့ပြန်သည့် အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်၌ မြောက်ကိုရီးယား အား ဆန့်ကျင်သည့် ဝါဒဖြန့်ချိရေး အသံချဲ့စက် စခန်း အရေအတွက် ကို နှစ်ဆတိုးမြှင့် သွားရန် စီစဉ်လျက် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ များက ဇူလိုင် ၆ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ သည်ဟု Yonhap သတင်းတစ်ရပ် အရ သိရသည်။

၂ဝ၁၆ ခုနှစ် အကုန်ပိုင်းတွင် မြောက်ကိုရီးယား အား ဆန့်ကျင်သည့် ဝါဒဖြန့်ချိရေး အသံချဲ့စက် အဆောက်အဦး သစ် ၁ဝ ခုကို ထပ်မံတိုးချဲ့ သွားရန် စီစဉ်လျက် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိတွင် တောင်ကိုရီးယား စစ်ဘက်သည် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် အစိုးရအပေါ် ဝေဖန်ချက်များ ထုတ်လွှင့်ရန် တောင်ကိုရီးယား နယ်စပ်ဒေသ တစ်လျှောက်၌ အသံချဲ့စက် စခန်း ၁၁ ခုဖြင့် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ အသံချဲ့စက် စခန်း တိုးမြှင့်ရေး အစီအစဉ်သည် ၄င်းတို့၏ ထုတ်လွှင့်ချက် များအား ၁ဝ ကီလိုမီတာထက် ကျော်လွန်သည့် အကွာအဝေးမှ ပိုမို ကောင်းမွန်စွာ ကြားနိုင်ရန် ရည်ရွယ်ကြောင်း နှင့် နယ်စပ်ဒေသ အသံချဲ့စက် စခန်း အရေအတွက် ကို ၂ဝ ကျော်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments: