Tuesday, July 5, 2016

သမ္မတရာထူးမှနားပြီးပါက ဟာဝိုင်ယီတွင် တီရှပ်ဆိုင် ဖွင့်ရန် အိုဘားမား စိတ်ကူးရှိ ----------------------------------

#AlsoInNews

လာမယ့်နှစ် ဇန်နဝါရီမှာ ရာထူးသက်တမ်းပြည့်တော့မယ့် အမေရိကန်သမ္မတ ကြီး ဘာရက်အိုဘားမားဟာ ရာထူးက နားပြီးရင် ဘာတွေများလုပ်မှာလဲ ဆိုတာ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ဘက်စကတ်ဘောအသင်းထောင်မယ်၊ ပရဟိတတွေ လုပ်မယ်လို့ အိုဘားမား က ပြောနေပေမယ့် တိတိကျကျ တော့ တစ်ခါမှ မပြောဘူးပါဘူး။ အဆင့်မြင့် ရုံးနေရာကြီးတွေက များပြားလှတဲ့ ဖိအားတွေရဲ့ ဝေးရာကို သွားချင်တဲ့ ပုံပေါ်ပါတယ်။

The New York Times သတင်းစာကတော့ အိုဘားမားဟာ အနားယူပြီးတဲ့ အခါ ဟာဝိုင်ယီကျွန်းမှာ တီရှပ်အင်္ကျီရောင်းတဲ့ ဆိုင်ဖွင့်ချင်တာ ဖြစ်တယ် လို့ ရေးထားပါတယ်။ အိုဘားမားနဲ့ ခင်မင်တဲ့ ချီကာဂိုမြို့တော်ဝန် ရာဟန်အီမန်နျူရယ်က အိုဘားမားဟာ ဟာဝိုင်ယီကို ပြောင်းပြီးတော့ medium ဆိုက်နဲ့ အဖြူရောင်တစ်မျိုးတည်းကိုသာရောင်းတဲ့ တီရှပ်ဆိုင်ဖွင့်ချင် တယ်လို့ သူ့ကို ဖွင့်ဟဖူးကြောင်း ပြောခဲ့ပါတယ်။

ဆိုက်တစ်မျိုးတည်းရောင်းပြီး အဖြူရောင်ကိုပဲ သုံးရတာကတော့ ဘာဆိုဘာမှ မဆုံးဖြတ်ချင်တော့လို့ ရွေးမနေချင်တော့လို့ပါလို့ အိုဘားမား အိပ်မက် အကြောင်းကို နီးစပ်သူမိတ်ဆွေက ပြောပြပါတယ်။

အိမ်ဖြူတော်မှာ ခက်ခက်ခဲခဲ အစည်းအဝေးတွေ လုပ်ရပြီးတော့ ဘာဆုံးဖြတ် ချက်မှ ကောင်းကောင်း မချနိုင်တဲ့အခါ အီမန်နျူရယ်ဟာ အိုဘားမားကို လှမ်း ကြည့်ပြီး “အဖြူရောင် ကိုယ့်လူရေ” လို့ အော်တတ်ပြီး အိုးဘားမာကလည်း “ medium ဆိုက်တစ်မျိုးတည်း” လို့ ပြန်အော်တတ်ပါသတဲ့။

သမ္မတအိုဘားမားဟာ အလုပ်ကြိုးစားပြီး စနောက်တတ်တဲ့သူလို့ နာမည်ကြီး ပါတယ်။ တီရှပ်အဖြူကြိုက်တဲ့ အိုဘားမားတစ်ယောက် ရာထူးကနားရင် ကော် ဖီဆိုင်တွေ၊ နွားမွေးမြူရေး ခြံတွေ မဖွင့်မှာတော့ သေချာသလောက်ပါ။

Ref: UPI

No comments: