Thursday, July 28, 2016

နိုင်ငံတွင် ၅၁ သန်းသော လူဦးရေကို ကိုယ်စားပြုထားသော ပါတီမရှိ ပြည်ခိုင်ဖြိုးသည် စည်းရုံးရေးစွမ်းရည်ဖြင့် ရှေ့ဆက်နိုင်ဟု ဦးဌေးဦးပြော =============================


၂၈..၇..၁၆
-
နိုင်ငံတွင်၅၁သန်းသောလူဦးရေကိုကိုယ်စားပြုထား သောပါတီမရှိကြောင်းနှင့် ပြည်ခိုင်ဖြိုးသည်လက်ရှိအချိန်၌အစိုးရမဟုတ်၍အာဏာမရှိသော်ည်းစည်းရုံး
နိုင်သောအစွမ်းဖြင့် ရှေ့ဆက်နိုင် သည်ဟု ဦးဌေးဦးက ပြောသည်။
-
ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယ ဥက္ကဋ္ဌတာဝန်ကို ယူထားသူ ဦးဌေးဦးကဇူလိုင်လ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ မျက်နှာစုံညီ အစည်း အဝေးနှင့် ခရိုင်ကော်မတီဝင်များ ပြန်လည်ရွေးချယ်ပွဲတွင် ထို စကားကို ထည့်သွင်းပြောခဲ့ သည်။
-
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲ၌ နေရာ ၁ဝဝ ကျော်သာ အနိုင်ရ
ခဲ့သည့် ပြည် ခိုင်ဖြိုးအနေဖြင့် လက်ရှိတွင်အောက်ခြေပါတီဝင်များကို ရွေး ချယ်ပွဲများလုပ်ပြီး တာဝန်ပေး အပ်ခြင်းများ ပြုလုပ်နေသည်။
-
ဦးဌေးဦးက ”အစိုးရမဟုတ် ၍ အာဏာမရှိသော်လည်း စည်း ရုံးနိုင်သော အစွမ်းဖြင့် ရှေ့ဆက် နိုင်ကြောင်း၊ စည်းရုံးရေးကို အဓိက ထား လုပ်ဆောင် ကြရန်၊ ပါတီ တွင်း၌လည်းစည်းရုံးမှုမပျက်ကြ ရန်၊ ၅၁ သန်းသော လူဦးရေကို ကိုယ်စားပြုထားသော ပါတီမရှိ ကြောင်း၊ ပတ်ဝန်းကျင်တွင်ရှိသောပြည်သူ
များကို ထိခိုက် သော အပြုအမူများ မလုပ်ကြ ရန်၊ ပါတီတွင်း စည်းရုံးမှုရှိမှ အင်အားဖြစ်လာမှာဖြစ်ကြောင်း၊ အန္တိမရည်မှန်းချက်မှာတည်ငြိမ်အေးချမ်း
ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးဖြစ်ကြောင်း၊ စီးပွားရေး အခြေခံ
မကောင်းလျှင် နိုင်ငံရေး ပျက်မည်ဖြစ်ကြောင်း၊ လက်တွေ့ ပြည်သူ့အကျိုးကို လုပ်ခဲ့ကြ ကြောင်း၊ ပြည်သူများ သိမြင် လာအောင်လည်း လုပ်ကြရန်လို ကြောင်း၊ စုပေါင်းလုပ်ဆောင်မှ အောင်မြင် မည်ဖြစ်ကြောင်း” ပြန်လည်ရွေးချယ်ပွဲတွင် ပြောခဲ့သည်။
-
ပါတီမှ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးအ မတ် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းကအမျိုးသားအကျိုးစီးပွားများနှင့်ယှဉ်လာပါက
ပြည်ခိုင်ဖြိုးသည် အတိုက်အခံအဖြစ် ရပ်တည်မည် ဟု ပြောဆိုထား သည်။
=========
ပေါ်ပြူလာ

No comments: