Tuesday, July 5, 2016

အဲဒီ ငပျင်းလက်ကြောမတင်း ဆင်ခြေများ အလုပ်မလုပ် အာများတာ နေသ၍ နိမ့်ကျနေပေဦးမည်။

ဖုတ်သွင်းရထား နဲ့ မင်းလောင်းမျှော်သူများ။

အစိုးရမကောင်းဘူးလို့ပြောကြတော့
အရင်ကကောင်တွေမကောင်းတာ
ကျနော်လဲ ချီးမစားလို့သိပါတယ်။

သူတို့ချည်းဘဲလားဆိုတော့
ဟုတ်သေးဘူးခင်ဗျ
ပြည်သူတွေအများစုကရော
ကောင်းလို့လား

အသက်၇၀ အဖွားအို
အမှိုက်ကောက်ပြတယ်
ဘယ်ရဲရဲတောက်အမြင်မှန်ရပြီး
စနစ်တကျ အမှိုက်စပစ်လဲ
ပြောင်းလဲသွားခဲ့လားပြောပါ

ကျနော့်ပတ်ဝန်းကျင်မှာ
NLD ဒေါ်စု သမားတွေထဲ
ပိုရဲ ပြတဲ့သူတွေထဲ

တစ်သက်လုံး ဘိန်းစား အရက်သောက်
ဘာအလုပ်မှမလုပ်တဲ့ကောင်တွေရယ်
အားရင် အလနတော အတင်းလှည့်တုတ်
ငွေတိုးချေးစား ၁၀၉ ၁၁၀ မိန်းမတွေ
က အသံ အကျယ်ဆုံး

ဒေါ်စု ပုံ ကလေး တင်လိုက်ရင်
ကမ္ဘာ့ အရေးကြီးဆုံး အလုပ်တစ်ခု
အကောင်းတစ်ကာ့အကောင်းဆုံး
ဥာဏ်ပရိယာယ် အကြွယ်ဆုံး
အတော်ဆုံး အတတ်ဆုံး ဆုံးဖြတ်ချက်
အပိုင်ဆုံး အလုပ်တစ်ခု လုပ်လိုက်ရပြီ

နိုင်ငံသားတာဝန်ကျေပြွန်သွားပြီ ထင်တဲ့
ကောင်တွေများတယ်

လက်တွေ့မှာ
မိသားစု တာဝန်မပြောနဲ့
ကိုယ့်တစ်ဦးတည်းစာတောင်
ဘာစည်းကမ်းမှမလ်ုက်နာတဲ့ကောင်တွေ

ဦးသိန်းစိန် ၅နှစ် နောက်အစိုးရ ဘာဖြစ်မလဲ မသိခင်
သူတို့မဆိုးဘူးထင်တယ်

အဓိက က ဝန်ထမ်း အလုပ်သမား
အခြေံခံလူတန်းစားတွေ ပင်ကိုယ်စိတ်ဓါတ်မကောင်းတာအရင်ပြင်
ရမယ်ပြောတော့ မင်းလဲမြန်မာ
မြန်မာကိုမနှိမ်ပါနဲ့ စစ်အစိုးရကြောင့်တဲ့

ဆင်ခြေအတော်များ
သောက်ပျင်းထူ စကားတွေ
အာပလာ တွေက ၉၀%

ဒါကိုမပြင်သ၍ ဒီမိုကရေစီ ပြောင်းမရဘူး
ဒီမိုကရေစီစိတ်ရဘို့က မွေးကျွေးရတယ်

စင်္ကာပူက တာထွက်ထဲက swiss standard နဲ့ ထွက်လာတယ်

မော်စီတုံး စောက်သုံးမကျတာ ကို
တစ်ချက်မပြောဘဲ တိန့်ရှောင်ဖိန်
ပြောင်းသွားတယ်

အာဏာရှင် အဖြစ်နဲ့ လီကွမ်ယုလဲ
နိုင်ငံတည်ခဲ့တယ်

ကိုယ့်လူမျိုး က
ဘာ Target မှမ့ရှိ အကုန်လိုက်
ထော်တာဘဲတတ်တာ

ကိုရွှေတွေက
အကုန်သိတတ်
သောက်ပျင်းကထူ ပြောလိုက်ရင်
မိဘလက်ဖြန့်တောင်း ဘွဲ့ရကျောင်းပြီးတောင်
အလုပ်လုပ်ရကောင်းမှန်းမသိတဲ့
ကောင်တွေ က
ဆဲတာဘဲတတ်တဲ့
တိုင်းပြည်ဗျ

ဒေါ်စု က ဥုံဖွ ချီးတုံး မတ်တပ်ထဆို
ထမယ်ထင်နေတဲ့တိုင်းပြည်

သိကြားမင်းလာအုပ်ချုပ်
အကောင်းတစ်ကာ့ အကောင်းဆုံးစနစ်ချပေး

ပင်ကိုယ်စိတ်ဓါတ် မကောင်းခဲ့တာ
အရင်မပြင်နိုင်သေးသ၍
ဘာမှမပြောင်းလဲသေးပါဘူး

နောက် ၅နှစ်မဟုတ်ဘူး
၁၀ နှစ်ပေးတယ်

အဲဒီ ငပျင်းလက်ကြောမတင်း
ဆင်ခြေများ အလုပ်မလုပ်
အာများတာ နေသ၍ နိမ့်ကျနေပေဦးမည်။

ပိုသာဆိုး။

No comments: