မှုခင်းကျဆင်းရေးစီမံ ချက်ဆောင်ရွက်နေသည့် မြို့နယ် များရှိ
လူဆိုးလူမိုက်နှင့် ဒုစရိုက် ကျူးလွန်တတ်သူများကို ဖမ်းဆီး အရေးယူသွားမည်ဟု
ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး ချုပ် ၀င်းနိုင်က ပြောသည်။
ဇူလိုင် ၂၆ ရက်က ရန်ကုန် တိုင်းဒေသကြီး လေးမြို့နယ် မှု ခင်းကျဆင်းရေး ရှေ့ပြေးစီမံချက် ဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက်ဆောင် ရွက်မည့် ရှစ်မြို့နယ် အခြေအနေနှင့် အစီအမံတင်ပြခြင်း အစည်းအဝေးပွဲ၌ ၎င်းကအထက်ပါအ တိုင်း ပြောကြားခဲ့သည်။
‘‘ဒီလိုလူတွေကို မြို့နယ်အ လိုက် ခံဝန်ခြေချုပ်တွေ လုပ်ထား ပါတယ်။ အခုစီမံချက်လေးမြို့ နယ်အတွင်းမှာ အရင်ထက်မှုခင်း ဖြစ်ပွားမှုတွေ မရှိတော့ပါဘူး။ ခု လေးမြို့နယ်မှာ ဖမ်းဆီးဖို့ ကျန် တဲ့လူတချို့လည်း ကျန်နေပါ တယ်။ နောက်ထပ်တိုးတဲ့ ရှစ် မြို့နယ်အတွင်းမှာရှိတဲ့သူတွေလည်း ထပ်မံဖမ်းဆီးသွားမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်ကပြောသည်။
မြို့နယ်အလိုက် မှုခင်းကျ ဆင်းရေးအတွက် လုပ်ကိုင် ဆောင်ရွက်ရာတွင် ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပြီး မြို့နယ်အ လိုက် လိုအပ်ချက်များကိုလည်း တိုင်းဒေသကြီးအစိုးရထံ တင်ပြ တောင်းဆိုထားကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။
လူဆိုးလူမိုက်၊ ဒုစရိုက်မှုများကို မကြာခဏကျူးလွန်သူများ သည် လှိုင်သာယာမြို့နယ်တွင် ၁၅ ဦး၊ သန်လျင်မြို့နယ်တွင် ၁၁ ဦး၊ တောင်ဒဂုံမြို့နယ်တွင် ကိုးဦး နှင့် ကမာရွတ်မြို့နယ်တွင် တစ်ဦး ရှိပြီး အများစုကို ခြေချုပ်နှင့် ခံဝန် ဥပဒေအရ ဖမ်းဆီးအရေးယူထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘မှုခင်းကျူးလွန်တတ်တဲ့သူ တွေစာရင်းကို မြို့နယ်အလိုက် မှာရပြီးသားပါ။ နောက်ထပ်တိုး တဲ့ ရှစ်မြို့နယ်မှာ စမ်းချောင်းက လွဲပြီး ကျန်တဲ့မြို့နယ်မှာတော့ရှိ တယ်။ တချို့ကိုတော့ ခံဝန်ထိုး ခိုင်းမယ်။ တချို့ကတော့ ဖမ်းဆီး ထိန်းသိမ်းရမယ့်စာရင်းမှာပါပါ တယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

No comments:
Post a Comment