Published on 28 Jul 2016
အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ မြ၀တီတဖက်ကမ်းသို့ မိမိသဘောဖြင့်
မိသားစုဝမ်းစာအတွက် သွားရောက် အလုပ်လုပ်ကိုင် ကြပြီး ပြန်လာခဲ့သော
တပ်ဖွဲ့ဝင် အချင်းချင်းကို (ဗိုလ်မှူးကြီး ချစ်သူ) ၏ ဦးဆောင်မှု အောက်တွင်ရှိသော
စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့မှ ပြန်လာခဲ့သော အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များကို
ယခုကဲ့သို့ တစုတည်း သံကြိုးများဖြင့် တုပ်နှောင်၍ နေပူလှန်းခြင်း
အစာငတ်ရေးငတ်ထားခြင်း
အပြင်းထန် နှိပ်စက်ခြင်းများ ပြုလုပ်နေလို့ ကျနော် စောင့်ကြည့်နေရာမှ
လူသားမဆန်မှုကို နိုင်ငံတကာမှ သိရန် တောင်းဆိုလာကြပါတယ်။
မြန်မာပြည်မှ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်ရှာဖွေ လုပ်ကိုင်းရင်းမှ
အကြောင်းမျိုးမျိုးကြောင့် ထိုင်းနိုင်ငံရဲများမှ ဖမ်းဆီးပြီး မြန်မာ နိုင်ငံ (BGF)
ဆိုသော နယ်ခြားစောင့်တပ်ဖွဲ့သို့ ကြိုတင် အကြောင်းကြား တိုက်ရိုက်အပ်နှံမှုများ
ပြုလုပ်နေတယ်လို့လည်း နေ့စဉ် သတင်းများရရှိနေပြီး
အဆိုပါ လက်ခံရေး နယ်ခြားစောင့် အဖွဲ့မှာ မိမိနိုင်ငံသားချင်းများကို
(၁) ထိုင်းဘတ်ငွေ (၅၀၀ )မှ ( ၁၀၀၀ ) အထိ ပေးပြီး ပြန်ထွက်ရကြောင်း
မပေးနိုင်သော သူများ (BGF) တို့မှ လုပ်ကိုင်နေသော ကုန်လှောင်ရုံလုပ်ငန်း
ပြောင်း စိုက်ကွင်းနှင့် ပဲ အခြားသော အသီးနှံ ရိပ်သိမ်း ထုတ်ပိုး သယ်ဆောင်ခြင်းလုပ်ငန်းများတွင်
အခကြေးငွေ မပေးပဲ ထပ်မံ၍ ကျွန်ကဲ့သို့ ခိုင်စေခြင်းများ ရှိကြောင်း သိရပြီး
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထိုနေရာတွင် မာဖီးယားများသဖွယ် ပြုလုပ်နေသည်မှာ မသင့်တော်ကြောင်း..
အဆိုပါ
သတင်းများအား စာရေးသူ ရရှိထားသော အချက်လက်များကို နယ်ခြားစောင့်
(ဗိုလ်မှူးကြီး ချစ်သူ) ထံသို့ ပေးပို့ ထားသည်မှာ အကြောင်းပြန်လာခြင်း
မရှိ၍ မိမိမှ အများသိအောင် တင်ပြလိုက်ရပါသည်=။
(BGF) တပ်မှူးကြီး
ဗိုလ်မှူးကြီးချစ်သူသည် စာရေးသူ နှင့် fb တွင် မိတ်ဆွေဖြစ်နေပြီး မက်ဆေ့
အပြန်လှန် ပို့ဘူးခြင်းများရှိပြီး ယခု စာရေးသူမှ တင်ပြ တောင်းခံထားသော
အချက်လက်များကို အာစေး မိနေခြင်းကြောင့်
တင်ပြလိုက်ရပါသည်။
ဗိုလ်မှူးကြီး
ချစ်သူ ပြန်လည် ရှင်းလင်း ပေးပါရန်နှင့် ဆက်လက်၍ အများပြည်သူ
ဆင်းရဲသားများအား ဆက်လက် နှိပ်စက်နေမည် ဆိုပါက စာရေးသူ အခြားသော
မှတ်တမ်းဖိုင်များကို ဆက်လက် တင်ပြ အရှက်ခွဲသွားမည် ဖြစ်ကြောင်းပါ….
ဂိုလ်ရှယ်လေး
No comments:
Post a Comment