၂၀၁၃ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင် တချို့ကို တွေ့ရစဉ် (Credit: ABC) |
စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း စတဲ့ တိုင်းတွေမှာ တိုင်းရင်းသား လူမျိုးတွေ အများအပြားရှိတဲ့အတွက် အမျိုးသားများ ပြည်နယ်အဖြစ် သတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေကို ပြည်နယ် သတ်မှတ်ပေးပြီး တိုင်း ၇ တိုင်းကိုတော့ ဗမာတွေ ယူထားတာမျိုးကို ကြည့်ခြင်းအားဖြင့် ဗမာ ၇ ကျပ် တိုင်းရင်းသား တစ်ကျပ်လို မညီမျှမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အမျိုးသားများ ပြည်နယ်အဖြစ် သတ်မှတ်မယ့် ကိစ္စကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ် အများစု ထောက်ခံကြပေမယ့် ရှမ်းအဖွဲ့ကတော့ ရှမ်းပြည်နယ် နာမည်ပြောင်းခေါ်မယ့် ကိစ္စကို ကန့်ကွက်ခဲ့တယ်လို့ ဧရာဝတီ သတင်းမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်အတွင်း ပအို့ဝ်၊ ပလောင်၊ ကချင်၊ ကိုးကန့် စတဲ့ လူမျိုးတွေလည်း အများအပြား နေထိုင်တဲ့အတွက် ဖက်ဒရယ် ရှမ်းပြည်နယ်လို ပြုလုပ်ဖို့ကိစ္စကိုလည်း အနည်းငယ် ဆွေးနွေးခဲ့ကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယနေ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခြေခံတွေ ဆွေးနွေးခဲ့ကြသလို ဖက်ဒရယ်အခြေခံမှုနဲ့ ဝိသေသ လက္ခဏာဆိုင်ရာ စာတမ်းတင်သွင်းတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံမှာ မဖြစ်မနေ ပါဝင်ရမယ့် အချက် ၈ ချက်ဖြစ်တဲ့ အချုပ်အခြာ အာဏာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား လူနည်းစုရဲ့ အခွင့်အရေးကို ကာကွယ်ရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ ကျား၊ မ တန်းတူရေးနဲ့ ပါတီစုံ ဒီမိုကရေစီနဲ့ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံဖြစ်ပေါ်ရေးကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးကို ၂၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်လို့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းမှုတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွေအတွက် ဆက်လက် ဆွေးနွေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အနေနဲ့ ပြည်ထောင်စု ညီညွတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးတည် လုပ်ဆောင်တာ ဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ABC Radio Australia
No comments:
Post a Comment