သမ္မတကြီး ခင်ဗျား ...
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီး ခင်ဗျား ...
သမ္မတကြီးတို့  ...
နှစ်သစ်ကူး ကျေးဇူးတင်လွှာ ...
မထုတ်ပြန်ခင် နာရီပိုင်းအလိုမှာ ...
သင်္ကြန်တွင်း ...
ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ...
နယ်မြေ လုံခြုံရေး ကင်းလှည့်နေတဲ့ ...
ခမရ ၂၃၂ က ...
တပ်မတော် စစ်ကြောင်းတစ်ခုကို ...
AA သောင်းကျန်းသူအဖွဲ့က ...
ခြုံခိုပြီး အလစ်အငိုက် ...
ဝိုင်းတိုက်လိုက်ကြတဲ့ အတွက် ...
တပ်ရင်းမှူး ၊ အိုင်အို အပါအဝင် ...
စစ်သည်အများအပြား ...
ကျဆုံးသွားပါတယ် ...
တပ်ရင်းမှူးက ..
ကျွန်တော် နဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်း ...
ကျောင်းတုန်းက ...
ကျွန်တော့်ရှေ့ တစ်ခုံကျော်မှာ ထိုင်သူပါ ...
ကျွန်တော်တို့  သူငယ်ချင်းတွေက ...
ချစ်စနိုးနဲ့ အမည်ပြောင် စံပ လို့  ခေါ်ပါတယ် ...
သူ့ ဇနီးက ဒေါ်စောအိအိဌေး ဖြစ်ပါတယ် ...
သမ္မတကြီးတို့  ...
ဘယ်တော့ လုပ်မယ်မသိတဲ့ ...
ငြိမ်းချမ်းရေး ကိစ္စတွေမှာ တွေ့ရမယ့် ...
AA အဖွဲ့ ရဲ့ လုပ်ရပ်ကလေးကို ...
သမ္မတကြီး နဲ့ ...
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့  သိစေဖို့  ...
ကျွန်တော် ကြိုတင် သတင်းပို့ တာပါ ...
ရခိုင်ပြည်နယ်ဟာ ...
ယခင်က နေရာအနံ့အပြားမှာ ...
အရေးပေါ်အခြေအနေ...
ကြေငြာထားရတဲ့ ပြည်နယ် ဖြစ်ပါတယ် ...
AA စစ်ဦးချုပ် ရဲ့ ယောက္ခမဟာ ...
လက်ရှိ ရခိုင်ပြည်နယ် ရဲ့ ...
လွှတ်တော် ဥက္ကဌ ဖြစ်ပါတယ်...
အစိုးရ အနေနဲ့ ...
ရခိုင်ပြည်ကို ...
စစ်အုပ်ချုပ်ရေး ပြန်ကြေငြာဖို့  ...
အစီအစဉ် ရှိ/ မရှိ
ဒါမှမဟုတ် ...
အစိုးရ အသစ် အနေနဲ့ ...
AA အဖွဲ့အပေါ် အရေးယူ ဖိအားပေးဖို့  ...
အစီအစဉ် ရှိ / မရှိ ...
ကျွန်တော်တို့  စစ်သားဟောင်းတွေနဲ့ ...
တပ်မတော် အသိုင်းအဝိုင်းက ..
အထူး သိချင်နေကြပါတယ် ...
မကြာခင် ကြေငြာချက် တစ်ခုခု ..
ထုတ်ပြန်ပေးမယ် မျှော်လင့်ပါတယ် ...
ကျဆုံး စာရင်း အသေးစိတ်သိလိုရင် ..
ကာကွယ်ရေး ဝန်ကြီးရုံးကို ...
မေးမြန်းနိုင်ပါတယ် ခင်ဗျ ...
No comments:
Post a Comment