ကမ္ဘာ့ထိပ်တန်း အွန်လိုင်းရုပ်သံလွှင့်လိုင်းဖြစ်သည့် Netflix အား
မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ Netflix
ရုပ်သံလွှင့်လိုင်းမှတစ်ဆင့် ရုပ်ရှင်ဇာတ်ကားများ၊ Documentary များ၊
ရုပ်သံဇာတ်လမ်းတွဲများ၊ နိုင်ငံတကာမှ ထုတ်လွှင့်လျက်ရှိသော
ရုပ်သံအစီအစဉ်များစွာကို စမတ်တီဗီများ၊ ကွန်ပျူတာများ ၊ စမတ်ဖုန်းနှင့်
တက်ဘလက်များ၊ Play Stations, Xbox ,Chromecast, Apple TV စသည်တို့မှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကွန်ပျူတာများတွင် Netflix.com မှကြည့်ရှုနိုင်သကဲ့သို့ စမတ်ဖုန်း၊ တက်ဘလက်များနှင့် စမတ်တီဗီများတွင် Netflix apps ကိုတင်၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Netflix account ပြုလုပ်ကာ Basic , Standard နှင့် Premium plan များကို
ရယူနိုင်ကြမည်ဖြစ်ပြီး Basic plan အတွက် လစဉ်ကြေး USD 7.99 , Standard plan
အတွက် လစဉ်ကြေး USD 9.99 နှင့် Premiumအတွက် လစဉ်ကြေး USD 11.99
ကျသင့်မည်ဖြစ် သည်။အဆိုပါ ဈေးနှုန်းများသည် ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့
မတိုင်မီ ဈေးနှုန်းများဖြစ်သည်။ မိမိရယူထားသော plan များကို upgrade
လုပ်နိုင်သလို owngrade လည်း လုပ်နိုင်မည်ဖြစ်သည်။ မြန်မာပြည်မှ Netflix
plan များကို ရယူလိုပါကhttps://www.netflix.com/getstarted, locale=en-MM တွင်ဝင်ရောက်ပြီး ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
(ငြိမ်းချမ်း)
No comments:
Post a Comment