မေး - ရဲခေါင်ညွှန့်၊ ဓာတ်ပုံ - ဖိုးထောင်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)အား
ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏
လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ဗဟိုအလုပ်အဖွဲ့နှင့် ပြည်နယ်အဆင့်
အမြဲတမ်းရုံးအဖွဲ့များ ဖွဲ့စည်းရန်နှင့်
နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်နေစဉ်ကာလအတွင်း ပစ်ခတ်
တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရန်အတွက် ဃြဗ စာချုပ်ချုပ် ဆိုပြီး ရက်ပေါင်း
၃ဝ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ
ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)အား ဖွဲ့စည်းခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။
ယင်းသို့မကျင်းပမီ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ
ငြိမ်းချမ်းရေးပြန်လည်ထူထောင် ရေးလုပ်ငန်းဗဟိုဌာန(MPC)တွင် ဇန်နဝါရီ ၇
ရက်နှင့် ၈ ရက်ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တတိယအကြိမ်မြောက် အစည်းအဝေးသို့
တက်ရောက်ဆွေးနွေးခဲ့မှုများကို မြန်မာ့သတင်းစဉ်မှ ဖော်ပြအပ်ပါသည်။
ဒေါက်တာရွှေခါး(အတွင်းရေးမှူး-၁)
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)
နှစ်ရက်တာ ဆွေးနွေးတဲ့အထဲမှာ အဓိကအားဖြင့်
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)
အဆင့်ဆင့်အတွက် ပြည်ထောင်စုအဆင့် အတွက်ရော၊ ပြည်နယ်အဆင့်အတွက်ရော၊ ဒေသန္တရ
အဆင့်အတွက်ပါ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ဆွေးနွေး ခဲ့ကြတယ်။
သဘောတူညီမှုလည်းရခဲ့ပါတယ်။ ဒုတိယ အချက်အနေနဲ့ကတော့ အဲဒီလို စင်တာတွေ၊
ရုံးတွေ လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ ဘတ်ဂျက်ကိစ္စကိုလည်း
သဘောတူညီမှုရခဲ့ပါတယ်။ တတိယတစ်ခုကတော့ မကြာခင်မှာ ရှမ်းပြည်နယ်ကိုသွားပြီး
ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး
ကော်မတီ(JMC)ကို သွားရောက်ဖွဲ့စည်းမှာပါ။ မနက်ဖြန် မှာ စလုပ်မယ်။
အခုလောလောဆယ် အစိုးရဘက်က ကျွန်တော်တို့ သတင်းရတာကတော့ ငြိမ်းချမ်းရေးအတွက်
ဆိုပြီး နိုင်ငံတော်ဘတ်ဂျက်ထဲမှာ ထည့်ထားတယ်။ လာမယ့် လွှတ်တော်က အတည်ပြု၊
မပြုဆိုတာတော့ ကြည့်ရမှာပေါ့။ နိုင်ငံတကာက အလှူရှင်မလာသည့်တိုင်အောင်JMC
ကတော့ ကိုယ့်အရင်းအမြစ်နဲ့ကိုယ် လုပ်ကိုလုပ်ရမယ်။
တကယ့်ငြိမ်းချမ်းရေးဖြစ်စေချင်တယ်။ ပစ်ခတ်တိုက်ခိုက်
မှုတကယ်ရပ်စဲချင်တယ်ဆိုရင် ကျွန်တော်တို့ရှိတာ လေးနဲ့လည်း
လုပ်ကိုလုပ်ရမယ်။JMC က ပြည်ထောင်စု အဆင့်ကို စဖွဲ့ပြီ။ မနက်ဖြန်
ရှမ်းပြည်နယ်အတွက် ဖွဲ့မ
ယ်။ ပြီးတော့ နောက်လလောက်ဆို တနင်္သာရီတိုင်း ဒေသကြီးအတွက် ဆက်ဖွဲ့မယ်။
ပြည်ထောင်စုအဆင့်JMC မှာတော့ ၂၆ ဦးနဲ့ ဖွဲ့တယ်။ ပြည်နယ်အဆင့်JMC မှာတော့
၁၄ ယောက်နဲ့ဖွဲ့မယ်။ လက်နက်ကိုင်တိုင်းရင်းသား က ငါးဦး၊ အစိုးရက ငါးဦး၊
ပြည်သူဘက်က လေးဦးဖွဲ့ မယ်။ လိုအပ်ရင် လိုအပ်သလို့တော့ ဖွဲ့စည်းပုံက
ပြောင်းလို့ ရပါတယ်။ မနက်ဖြန် ရှမ်းပြည်သွားတဲ့အခါ နယ်မြေ
သတ်မှတ်ပိုင်းခြားမှု မရှိနိုင်သေးတဲ့ အချိန်မှာ ဘယ်လိုမျိုး
ဆောင်ရွက်ကြမလဲဆိုတာ ဦးစားပေးဆွေးနွေးလုပ်ဆောင်မယ်။ အဲဒီအတွက်လည်း
ရှမ်းပြည်နယ်ဲဃြ မှာ ပါဝင်တဲ့ လူတွေတင်မဟုတ်ဘဲ နှစ်ဖက်စလုံးမှာရှိတဲ့
တပ်မှူးတွေ များနိုင်သမျှများအောင် ပါဝင်ဖို့အတွက်လည်း မေတ္တာရပ်ခံ
ထားပါတယ်။ နယ်မြေသတ်မှတ်မှုအတွက်ကတော့ ပထမ အဆင့်အနေနဲ့ ပြည်နယ်အဆင့်တွေ
ဖွဲ့ပြီးခဲ့ရင် ဆက်လက် လုပ်ဆောင်မယ်။
ဗိုလ်မှူးကြီးဝဏ္ဏအောင်(အတွင်းရေးမှူး)
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMCU)
ဒီနှစ်ရက်မှာ ဆွေးနွေးခဲ့တာတွေက JMC ကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊
ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာ အဆင့်ဆိုပြီး အဆင့် သုံးဆင့်နဲ့ဖွဲ့ပါမယ်။
အဲဒီအတွက် ဝန်ထမ်းခန့်မယ့် ပုံစံ၊ ဘတ်ဂျက်သုံးစွဲမယ့် ပုံစံ
တွေညှိနှိုင်းပါတယ်။ နောက်တစ်ခုကတော့ ရှမ်းပြည်နယ်မှာ
ပြည်နယ်အဆင့်(ဲJMCS)ဖွဲ့မယ့်ပုံစံနဲ့ပတ်သက်ပြီး စည်းဝေး
ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။JMC ဖွဲ့စည်းပြီးနောက်မှာ တပ်တွေလိုက်နာရမယ့်
လုပ်ငန်းလမ်းညွှန်၊ စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်တွေရှိပါတယ်။ ဒါတွေကို အောက်ခြေ
အဆင့်ထိသိအောင် အသိပေးထားပါတယ်။ အခုရက်ပိုင်း
အတွင်းJMCလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ တစ်ကြိမ်ဖြစ်တယ်ဆိုတာက RCSS
အဖွဲ့တွေက ကျွန်တော်တို့တပ်တွေအနီးအထိ နယ်မြေကျွံလှုပ်ရှားလာ လို့ပါ။
မတော်တဆပါဘဲ။ နယ်မြေမသတ်မှတ်ရသေးပေမယ့် ကျွန်တော်တို့တပ်တွေနားအထိ
နီးကပ်လာလို့ပါ။ ရှမ်းပြည်နယ်မှာတော့ ပြည်နယ်အဆင့် စဖွဲ့တော့မယ်ပေါ့။
ကျွန်တော်တို့က NCA စာချုပ်ပါအတိုင်း ဆက်လက် လုပ်ဆောင်ရမှာဖြစ်တဲ့အတွက်
အလှူရှင်တွေ မလှူခင် မှာလည်း ဒီလုပ်ငန်းကို ဆက်လက်အကောင်အထည် ဖော်မှာပါ။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာတော့ တနင်္သာရီမှာ ဆက်လုပ်ဖြစ်မယ်။
ဒေါက်တာမင်းဇော်ဦး(ဌာနမှူး)
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)
ရှမ်းပြည်နယ်မှာ နှစ်ဖက်တပ်မှူးတွေကို အစည်းအဝေး တက်ရောက်ဖို့ ခေါ်ထားတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ကို
ပြည်နယ်အဆင့်ထိ သတ်မှတ်ပြီးမှ နယ်မြေသတ်မှတ်မှု လုပ်နိုင်မှာပါ။
ရှမ်းပြည်နယ်မှာJMC ပြည်နယ်အဆင့် သတ်မှတ်ဖို့လုပ်တာက ရှမ်းပြည်နယ်မှာက
တိုက်ပွဲဖြစ်နိုင်ခြေ အများဆုံးပဲ။ အဲဒီမှာ အဖွဲ့များတယ်။ လှုပ်ရှားမှုက
ရှုပ်ထွေး တယ်ဆိုတော့ ဒါကို စလုပ်ဖို့ စဉ်းစားတာပါ။ ကရင်ပြည်နယ် ကျတော့
သူတို့နဲ့ ဆွေးနွေးတဲ့အခါမှာ အောက်ကနေ တဖြည်းဖြည်းတက်သွားဖို့ စဉ်းစားတယ်။
ဒါကြောင့် ရှမ်းပြီးရင် တနင်္သာရီလုပ်မယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အတွက်
ဆက်လုပ်မယ်ပေါ့လေ။ ပြည်ထောင်စုအဆင့် အတွက် JMCU ကို ခြောက်လအတွင်း
ဖွဲ့စည်းနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။JMC ရဲ့လုပ်ငန်းက
ပြဿနာတွေဖြစ်လာရင် မဖြစ်အောင်လျှော့ချနိုင်အောင် ဘယ်လို လုပ်မလဲဆိုပြီး
စဉ်းစားတာပါ။ NCAထိုးတဲ့ အချိန်ကနေ အခုထိ တိုက်ပွဲဖြစ်စဉ်က တစ်ခုပဲရှိတယ်။
မဖြစ်စလောက်ပါပဲ။ JMC က တိုက်ပွဲဖြစ်လာရင် ဘယ်လို နည်းလမ်းနဲ့ ဖြေရှင်းမလဲ၊
လျှော့ချမလဲဆိုတာလုပ်တာ။JMCUကတော့ တော်တော်လေး အလုပ်ဖြစ်တယ်။ နှစ်ဖက်လုံးက
ရင်းနှီးမှုရှိတယ်။ ပြဿနာဖြစ်လာပြီဆိုရင် တော့
JMCU level မှာ ချက်ချင်းရှင်းနိုင်အောင်ကြိုးစား ထားတယ်။JMCU တင်မကဘဲ
အဓိကကျတဲ့ နိုင်ငံအဆင့်JMCS အဆင့်ကိုပါ ဖွဲ့စည်းလည်ပတ်နိုင်အောင်
လုပ်ဆောင်ရမယ်။ JMCS လည်ပတ်နိုင်ပြီဆိုရင် ပြဿနာ ဖြစ်တာနဲ့ JMCS ကနေ
အားလုံးကိုထိန်းချုပ်လုပ်ဆောင် သွားနိုင်ပြီပေါ့။ ဘတ်ဂျက်က ကျွန်တော်တို့
လုပ်ငန်း လုပ်ရင် ဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်ပြီး တင်ပေးရတာ။ နော်ဝေ၊
ယူကေ၊ ယူအက်(စ်)၊ အီးယူ၊ ယူအင်န်တို့ အပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေ၊
နောက် အာဆီယံ ဒေသတွင်းနိုင်ငံတွေက ကျွန်တော်တို့ရဲ့ JMCS လုပ်ငန်းကို
အကောင်အထည်ဖော်ဖို့အတွက် အားလုံးစုပြီး လှူလိုက်တာပေါ့။UN လိုနေရာမျိုးက
Fan ငွေတွေကို စိစစ်မယ်။
No comments:
Post a Comment