Tuesday, July 5, 2016

“တယ်လီနော၏ စိတ်ကြိုက် Plan ရယူပြီး Facebook နှင့် Viber ကို ရက်အကန့်အသတ်ဖြင့် အခမဲ့အသုံးပြုနိုင်”

တယ်လီနောမြန်မာအနေဖြင့် စိတ်ကြိုက် Plan ရယူပြီး Facebook နှင့် Viber အား ရက်အကန့်အသတ်ဖြင့် အသုံးပြုနိုင်မည့် အစီအစဉ်အား စတင်လိုက် ပါသည်။တယ်လီနောသုံးစွဲသူများအနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက် မှစတင်ကာ “စိတ်ကြိုက်” ဟု အမည်ပေးထား သော အစီအစဉ်သစ်ကို စတင် အသုံးပြုနိုင်မည်ဖြစ်သည်။“စိတ်ကြိုက်” အစီအစဉ်ကို သုံးစွဲသူများအနေဖြင့် အခြားဝန်ဆောင်မှုများအတွက် (ည ၇ နာရီမှ မနက် ၇ နာရီ) အတွင်း ဖုန်းပြောဆိုမှုအတွက် တစ်မိနစ် ၂၀ ကျပ်နှင့်ဒေတာ (အင်တာနက်သုံးစွဲမှု)အတွက် 1MB/ ၆ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ (မနက် ၇ နာရီမှ ည ၇ နာရီ)အတွင်း တစ်မိနစ် ၂၅ ကျပ်နှင့် 1MB/ ၈ ကျပ်နှုန်း ဖြင့်လည်းကောင်းသုံးစွဲ နိုင်မည်ဖြစ်ပြီးအဆိုပါကာလအတွင်း Facebook နှင့် Viberကိုမူအခမဲ့အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

“စိတ်ကြိုက်” အစီအစဉ်ကိုရယူလိုပါက ၃၆၅ သို့ SK ON ဟု ပေးပို့၍ဖြစ်စေ၊ *365*3# ကို ခေါ်ဆို၍ဖြစ်စေ တယ်လီနော call center ၀၉-၇၉၀၀၉၇၉၀၀ (တယ်လီနောအသုံးပြုသူများအနေဖြင့် ၉၇၉ သို့လည်းကောင်း)ကို ခေါ်ဆို ရယူနိုင်ပါသည်။ စိတ်ကြိုက်အစီအစဉ်ဝန်ဆောင်မှုကို ပထမဆုံးအသုံးပြုရန် ခေါ်ဆိုရယူသည့်နေ့မှ စတင် ပြီး Facebook နှင့် Viber ကို (၇)ရက်အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ (၇)ရက်ပြည့်ပြီးနောက်ပိုင်းတွင် သုံးစွဲသူ၏ ငွေဖြည့်မှုအနေအထားပေါ်မူတည်ပြီး အစီအစဉ်ကို ဆက်လက်ရရှိသွား မည်ဖြစ်သည်။၇ ရက်ပြီးနောက် ၃၀၀၀ ကျပ်အထိ ထပ်မံငွေဖြည့်ပါက Facebook နှင့် Viber ၅ ရက်အခမဲ့၊ ကျပ် ၃၀၀၀ မှ ၉၉၉၉ ကျပ်အထိ ထပ်မံ ငွေဖြည့်ပါက ၁၀ ရက်ကြာ အခမဲ့၊ ၁၀၀၀၀ ကျပ်အထိ ထပ်မံငွေဖြည့် ပါက ၃၀ ရက်ကြာ အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

"Facebook နဲ့ Viber လို လူမှုကွန်ရက်တွေကို အသုံးပြုဖို့ သဘောကျသူ တွေအတွက် ဒီအစီအစဉ်တွေကို အခမဲ့သုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး မိတ်ဆက်တာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေလည်းဒီအစီအစဉ်ကို သဘောကျ မယ်လို့ ယုံကြည်ပါတယ်။ တယ်လီနောသုံးစွဲသူ ၁၆ သန်းထဲက ၆၀ ရာခိုင်နှုန်း ထက်ပိုတဲ့လူတွေဟာ ဒေတာကို သုံးစွဲနေကြပါတယ်”ဟု တယ်လီနောမြန်မာ ၏ Chief Marketing Officer Mr. Joslin Myrthong က ပြောသည်။
တယ်လီနောအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွန်ရက်ဖြန့် ကြက်ထားပြီး ဖြစ်ပြီး တာဝါတိုင်ပေါင်း ၅,၇၀၀ ကျော်ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday

No comments: