Tuesday, July 5, 2016

ရခိုင်ပြည်သူများလိုလားချက်အတိုင်းသာ ခေါ်ဝေါ်သုံးစွဲမည်ဟုရခိုင်ပြည်နယ် အစိုးရအဖွဲ့ သဘောထားကြေညာချက်ထုတ်ပြန် ===============================


မြတ်ထွန်းဇံ ၊ ဇူလိုင် ၅

“ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရခိုင်တိုင်းရင်းသားများ ”ဆိုသည့် အသုံးအနှုန်းအား လုံးဝခေါ် ဝေါ် သုံးစွဲမည် မဟုတ်ဘဲ “ ရခိုင်လူမျိုး”ဟုသာ ရခိုင်ပြည်သူများ လိုလားချက်အတိုင်း ခေါ်ဝေါ် သုံးစွဲမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့မှ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါသဘောထားကြေညာချက်တွင် “ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအရ " ရခိုင်ပြည်နယ်ရှိဗုဒ္ဓဘာသာ ကိုးကွယ်သူ ရခိုင်တိုင်းရင်းသားများ " အသုံးအနှုန်းကို လုံးဝခေါ်ဝေါ် သုံးစွဲမည် မဟုတ်ဘဲ " ရခိုင်လူမျိုး " ဟု ရခိုင်ပြည်သူများ လိုလားချက်အတိုင်းသာ သုံးစွဲ ဆောင်ရွက် မည် ဖြစ်ကြောင်း ၊ ရခိုင်တိုင်းရင်းသားသည် ရခိုင်တိုင်းရင်းသား သာ ဖြစ်ပါကြောင်း ” စသည်ဖြင့်ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သဘောထားကြေညာချက်သည် ရခိုင်ပြည်သူများ လိုလားသည့် အချက်များ မဟုတ်ကြောင်း ၊ ရခိုင်ပြည်သူများ
အဓိကတောင်းဆို ဆန္ဒပြသည့် အကြောင်းရင်းမှာ ဘင်္ဂါလီများအား ဘင်္ဂါလီဟုသာအစိုးရမှ ပြတ်ပြတ်သားသား ခေါ်ဝေါ်သုံးစွရန် တောင်းဆို ဆန္ဒပြရခြင်းဖြစ်ကြောင်း ရခိုင်ပြည်သူများက ထောက်ပြဝေဖန်ကြသည်။

ရခိုင်အရေးလှုပ်ရှားသူ စစ်တွေမြို့ခံ ဦးသန်းထွန်းက “ ကျွန်တော်ပထမဆုံးအချက်ပြောချင်တာက ရခိုင်ပြည်နယ် အစိုးရက ကြေညာချက် ထုတ်တယ်။ဒီကြေညာချက်ထုတ်ရမယ့်သူဟာ ရခိုင်ပြည်နယ် အစိုးရမဟုတ်ဘူး။

ဒီအသုံးအနှုန်းကို သုံးတာက ပြည်ထောင်စု အစိုးရသာ ဖြစ်တယ်။ အဲဒီတော့ထုတ်ပြန်ကြေငြာပေးရမယ့် သူဟာ ပြည်ထောင်စု အစိုးရဖြစ်တယ်။

ရခိုင်ကိုအများသဘောတူဆန္ဒအရရခိုင်လူမျိုးလို့သာ ခေါ်မယ်လို့သုံးနှုန်းခြင်
ဟာလည်း ရခိုင်ပြည်နယ် တစ်ခုလုံးလူထုဆန္ဒအတိုင်းတောင်းဆိုဆန္ဒပြတာကို နားလှည့် ပါးရိုက်
မထီမဲ့မြင် လုပ်ရာ ကျတယ် ။

ဘာကြောင့်လဲ ဆိုရင် ရခိုင်တွေ အဓိက လိုချင်တာက ရခိုင်ပြည်ရှိ မူဆလင်များဆိုတဲ့ အသုံးအနှုန်းဟာ အလွန် အန္တာရယ်ကြီးတယ်။ အဲဒီအသုံးအနှုန်းက ကြာလာရင်ရခိုင်မူဆလင် ဆိုပြီး ဖြစ်လာမယ်။ နောက်တစ် ခုက ရခိုင်ပြည်ရှိ မူဆလင်များဆိုတာက အဲဒီလူတွေ ရခိုင်ဒေသရဲ့ ပင်ရင်း ဒေသခံ လူမျိုး တစ်မျိုး ဆိုတဲ့
အဓိပ္ပါယ်သက်ရောက်စေတယ်။ သူတို့တွေဟာ ဘင်္ဂလားဒေရ့်က လာတဲ့ လူမျိုးဖြစ်လို့ သူတို့ ကို အစဉ်အဆက် ဘင်္ဂါလီလူမျိုး ဆိုပြီး ခေါ်ခဲ့ကြတယ်။

သူတို့လည်း အရင်နှစ်တွေက သူတို့ဟာ သူတိဘင်္ဂါလီဆိုပြီး ပြောခဲ့ကြတယ်။အဲဒီတော့ ဘင်္ဂါလီကို ဘင်္ဂါလီလို့ ဘာကြောင့် မခေါ်ဝံ့ကြတာလဲ ။ တကယ်လို့များအစိုးရသည် ရခိုင်ပြည်ရှိ မူဆလင် ဘာသာဝင် များ ဆိုပြီး ဆက်သုံးနေအုံးမယ်ဆိုရင် အစိုးရအနေနဲ့ ရခိုင်ပြည် နယ် မှာရှိနေတဲ့ လူထုတစ်ရပ်လုံးက ဒီထက်မကပြင်းထန်တဲ့ တောင်းဆိုချက်တွေနဲ့ ထပ်မံကြုံတွေ့လာရအုံးမယ် ” ဟုဝေဖန်သည်။

အစိုးရအဖွဲ့သစ်၏ ရခိုင်ပြည်ရှိ မူဆလင် အသိုင်းအ၀ိုင်း ဆိုသော
အသုံးအနှုန်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင်လူပေါင်းသောင်းချီကာ ဇူလိုင်လ ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးဘင်္ဂါလီကို ဘင်္ဂါလီဟုသာ ပြတ်ပြတ်သားသား ခေါ်ဝေါ် သုံးစွဲရန် ကြွေးကြော် တောင်းဆိုခဲ့ကြသည်


No comments: