*********************
ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဒုရဲမှူးအောင်ထူး ဦးစီးအဖွဲ့သည် တောင်တက်လမ်းယာဉ်ဝင်/ထွက်ဂိတ်တွင် ယာဉ်/လူ ၀င်/ထွက်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးရှင်းလင်းနေစဉ် အထွက်ဂိတ်တွင် 6F/7417 Honda Fit အပြာရောင်ယာဉ်သည် လမ်းကြောင်းပိတ်ဆို့ရပ်ထားသဖြင့် ဒုရဲမှူးအောင်ထူးမှ မရပ်ရန်ပြောဆိုခဲ့ရာ ယာဉ်မောင်းဖြစ်သူ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှ ၄င်းကားထဲပါလာသော မိသားစုများအား ဒေါသဖြင့်ပြောဆိုမာန်မဲစဉ် ကားထဲမှအသက် (၂၀)နှစ်ခန့် အမျိုးသမီးတစ်ဦး
ထွက်လာကာ ၄င်း၏ဖခင်(စိစစ်ဆဲ)အား ရိုင်းစိုင်းစွာပြောဆို၍ ကားသော့တောင်းပြီး ယာဉ်မောင်းနေရာတွင် ၀င်ထိုင်၍စက်နှိုးခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။
ဒုရဲမှူးအောင်ထူးမှ အဆိုပါအမျိုးသမီးအား "လမ်းပြောင်းပြန်ဖြစ်နေကြောင်း၊ ကားများပိတ်နေ၍
မောင်း၍မရကြောင်း" ပြောဆိုခဲ့ရာ ထိုအမျိုးသမီးမှ "လိုက်ကြည့်ပြီးဖြစ်ကြောင်း၊ ရှင်တို့ရဲတွေမှ ပိတ်ထားတာဖြစ်ကြောင်း" ရိုင်းပြစွာပြန်ပြောစဉ် ကားအတွင်းမှ အသက်(၂၀)ခန့် အမျိုးသားတစ်ဦး
ထွက်လာပြီး ဒေါသတကြီးဖြင့် "သူတို့သားအဖချင်းဖြစ်နေတာ ခင်ဗျားမပါနဲ့" ဟုပြောဆိုသဖြင့် ဒုရဲမှူးအောင်ထူးမှ "ငါကတာဝန်ရှိလို့ပြောပြတာ" ဟုလက်ညှိုးထိုး၍ပြောသည်ကို အဆိုပါလူငယ်မှ ဒုရဲမှူါ်အောင်ထူး၏ လက်ကိုရိုက်ပြီး ပခုံးအားလက်သီးဖြင့်ထိုးကြိတ်ခဲ့သည်ကို တွေ့မြင်ခဲ့သည့် ဘုရားဖူးခရီးသည်များစွာ သက်သေရှိပါသည်။
ထိုအချိန်ကားများစီတန်း၍ ယာဉ်ကြောပိတ်ဆို့နေသဖြင့် အနောက်ဘက်ကားမှ KNU/KNLA မှဗိုလ်ကြီးအဆင့်ရှိသူဟုသိရသူ ကိုစောထွန်းဆိုသူရောက်ရှိလာပြီး ၄င်းလူငယ်အား "မင်းတို့ကမှားလည်းမှားသေးတယ် ရဲကိုလည်းထိုးတယ်၊ ကားလဲလမ်းပြောင်းပြန်လာသေးတယ်" ဟုဝင်ပြောရာ ၄င်းလူငယ်မှ ကိုစောထွန်းအား လက်သီးဖြင့်လှမ်းထိုးသဖြင့် ကိုစောထွန်း၏ ကားပေါ်ပါ လူငယ်(၄)ဦးခန့် ပြေးထွက်လာ၍ "ငါတို့လူကြီးကိုဘာလို့ထိုးတာလဲ" ဟုပြောဆို၍ ရုန်းရင်းဆန်
ခတ်ဖြစ်ပွားစဉ် အခြားဘုရားဖူးပြည်သူများနှင့် တောင်တက်မော်တော်ယာဉ်အဖွဲ့များ ၀ိုင်းအုံလာသဖြင့် ဒုရဲမှူးအောင်ထူး ဦးစီးရဲတပ်ဖွဲ့ဝင်များမှ ပြန်ဖြေရှင်းလင်းပေးခဲ့ရပါသည်။ မယုံရင်ဘုရားဖူးခရီးသည်
များနှင့် တောင်တက်မော်တော်ယာဉ်အဖွဲ့များအား သွာရောက်မေးမြန်းနိုင်ပါသည်။ ထိုနေရာတွေ ဒုရဲမှူးအောင်ထူးမှ ကြားဝင်ဖြန်ဖြေမှုမရှိခဲ့ပါက ဘာဖြစ်သွားနိုင်မလဲ စာဖတ်သူများ သိရှိနိုင်ပါလိမ့်မည်။
6F/7417 Honda Fit အပြာရောင်ယာဉ်ပေါ်ပါ ယာဉ်မောင်း အသက်(၄၀)နှစ်ခန့် အမျိုးသားမှ ဒုရဲမှူးအောင်ထူးအား ၄င်း၏သားသမီးများအတွက် တောင်းပန်ခဲ့ပြီး ကျိုက်ထိုမြို့ဘက်သို့ ထွက်ခွာသွားခဲ့ပါသည်။
ထို့နောက် ဒုရဲမှူးအောင်ထူးမှ အောင်ဖြိုးသျှန်နှင့် မခိုင်သဲစုတို့ ၂ဦးအား ကင်ပွန်းချောင်းနယ်မြေစခန်းတွင် (ပ)၇/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၅၃/၃၃၂(တာဝန်သတ္တရားဆောင်ရွက်ခြင်းမှ ပြည်သူ့ဝန်ထမ်းကို လက်ရောက်ကျူးလွန်ခြင်း/ပြည်သူ့ဝန်ထမ်းအား တာဝန်သတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက်နာကျင်စေမှု)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စာဖတ်သူအများကို ရှင်းလင်းတင်ပြခြင်းဖြစ်ပါသည်။
(ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ သတင်းအမှန် (၁၀၀%) ဖြစ်ကြောင်းကို ကျွန်တော်မှ တာဝန်ခံပါကြောင်း၊ စာဖတ်သူများအနေဖြင့် ပထမနေ့ တင်သွားသူပို့စ် မရေမရာပဲ မိမိ၏လုပ်ရပ်ကို ဖုံးကွယ်ပြီး ရဲတပ်ဖွဲ့ဝင်များ ဥပဒေမဲ့ကျူးလွန်သည့် ပုံစံမျိုးဖြင့် တင်ထားသည်ကို စဉ်းစားသုံးသပ်စေချင်ပါတယ် အမှား အမှန်ခွဲခြား သိမြင်မှသာ မှတ်ချက်ပေးစေလိုကြောင်း အကြံပေးချင်ပါသည်.. ကျွန်တော်တင်သောပိုစ်အား အမှန်တရားမြတ်နိုးသူတိုင်း များများ Share ပေးခြင်းဖြင့် ကူညီပေးစေချင်ပါတယ်..ခင်ဗျာ)
ကိုဘုန်း

No comments:
Post a Comment