Tuesday, January 5, 2016

မြန်မာ့ လွတ်လပ်ရေး နှင့် ပတ်သက်၍ သီပေါမင်း ၏မြေးတော် တော် ဘုရား နှင့် တွေ့ဆုံမေးမြန်းခြင်း Jan 5, 2016



*******************************************************************************
~ထိပ်တင်အောင် တွေ့ဆုံမေးမြန်းသည်~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းနဲ့ စုဖုရား လတ်တို့ကနေ သမီးတော်လေးပါး ဖွားမြင်ခဲ့ပါတယ်။ စတုတ္ထ သမီးတော်နဲ့ ကြင်ရာတော် ဦးကိုကိုနိုင်တို့ကနေ သားတော်၊ သမီးတော်ခြောက်ပါး ဖွားမြင်ခဲ့ပါ တယ်။ ယနေ့ကာလ မှာတော့ သမီးတော်ကြီး ထိပ်စုဘုရားကြီးနဲ့ သားတော် တော်ဘုရားတို့ဟာ သက်တော် ထင်ရှားရှိနေပါသေးတယ်။ ထိပ်စု ဘုရားကြီး က သက်တော် ၉၃ နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့မှာနေထိုင် ပါတယ်။ တော်ဘုရားကတော့ သက်တော် ၉၂နှစ် ရှိပြီဖြစ်ပြီး ပြင်ဦး လွင်မြို့ မှာ နေထိုင် ပါတယ်။ ဘွားဘွားမေရော ဘိုးဘိုးပါ ကျန်းမာစွာနဲ့ အသက်ရှည် စွာနေထိုင်လျက်ရှိတာ ဝမ်းမြောက်စရာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့မှာနေထိုင်တဲ့ ဘိုးဘိုးတော်ဘုရားဆီကိုတော့လွတ်လပ်ရေးနေ့ အေ ကြာင်းပြု ပြီး တွေ့ဆုံမေးမြန်း ခဲ့သည်များကို ရေးသား တင်ပြလိုက် ရပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++
''လွတ်လပ်ရေးဆုံးရှုံးတာက တစ်ဦးတစ်ယောက်ရယ်ကြောင့်ဆိုတာထက် အများစည်းလုံးညီညွတ်မှုမရှိ၊ ပညာအရည်အချင်းညံ့ဖျင်းပြီး သူတစ်ပါးပြော ဆိုမှုတွေအပေါ် ယုံကြည်မိလွန်းခြင်းကြောင့် ထင်မိပါတယ်''
+++++++++++++++++++++++++++++++++++++++++++++++++++

မေး။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှုနဲ့ပတ်သက်ပြီး ဘိုးဘိုး အမြင်လေး ပြော ကြားပေး ပါခင်ဗျာ။

ဖြေ။ လွတ်လပ်ရေးဆုံးရှုံးတာက တစ်ဦးတစ်ယောက် ရယ်ကြောင့်ဆိုတာ ထက် အများစည်းလုံးညီညွတ်မှုမရှိ။ ပညာအရည်အချင်း ညံ့ဖျင်းပြီး သူတစ်ပါးပြောဆို မှုတွေ အပေါ် ယုံကြည်မိလွန်းခြင်းကြောင့် ထင်မိပါတယ်။

မေး။ လွတ်လပ်ရေးဆုံးရှုံးမှုနဲ့အတူ အရှင်နှစ်ပါးပါတော် မူခဲ့ရပြီး တိုင်းပြည်သူ့  ကျွန်ဘဝ ကျရောက်ခဲ့ပါတယ်။ ယနေ့ခေတ်မှာ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ ခင်ဗျ။

ဖြေ။ လူတိုင်းက ကိုယ့်အတွက်သာကြည့်ပြီး အများ အတွက် မပြုလုပ်ဘဲ၊ စည်းကမ်းမရှိ၊ စည်းလုံးမှုမရှိနဲ့နေ ကြရင် နှောင်းအတိတ်က သူတစ်ပါးလက်အောက်အုပ် ချုပ်မှုအောက်မှာလို အပြောအဆိုအနေအထိုင် ဆင်းရဲ ကျပ်တည်းပြီး သူ့ကျွန်ဘဝကိုပြန်ရောက်သွားနိုင်တယ်။

မေး။ ဒီလိုသူ့ကျွန်ဘဝမရောက်အောင် လွတ်လပ် ရေးကို ဘယ်လိုထိန်း သိမ်းဖို့ လိုအပ်ပါသလဲခင်ဗျာ။

ဖြေ။ နိုင်ငံမှာရှိတဲ့ လူအားလုံးစည်းလုံးညီညွတ်ရမယ်။ စစ်တပ်အင် အား တောင့် တင်းရမယ်။ အစိုးရကိုယုံကြည် ပြီး ထောက်ခံအားပေးရမယ်။ ဘဏ္ဍာငွေပြည့်စုံပြီး ပိုလျှံ အောင် နိုင်ငံသားတွေကပါ တစ်ဖက်တစ်လမ်းက ကူညီ ပေးရမယ်။ ပညာတတ်တွေ ပေါ် ထွက်လာအောင် ပြုပြင် ပြောင်း လဲမှုတွေ လုပ်နိုင်ရမယ်။ တိုင်းပြည်အပေါ် ကောင်း အောင် အစိုးရက ပြုပြင်နိုင်မှုတွေလုပ်ဆောင်ကြဖို့လည်း လိုအပ်ပါတယ်။

မေး။ ဒီနေ့ခေတ်လူငယ်တွေရဲ့အခန်းကဏ္ဍက အရေးပါ လာနေပါတယ် ဘိုးဘိုး။ လူငယ်တွေရဲ့လွတ်လပ်ရေးအပေါ် တန်ဖိုးထားချစ်မြတ်နိုးမှု၊ မျိုးချစ်စိတ်တွေ လျော့နည်း သလိုဖြစ်နေတဲ့အပေါ်မှာ ဘိုးဘိုးအမြင်ကို အမိန့်ရှိပါ ခင်ဗျာ။

ဖြေ။ ပညာတတ်တွေ များများပေါ်ထွက်လာရင် တိုင်း ပြည်တိုးတက်လာ မယ်။ တိုင်းပြည်တိုးတက်လာရင် လွတ် လပ်မှုကို ပိုသိလာနိုင်မယ်။ လွတ်လပ်မှုကို ပိုသိလာရင် လွတ်လပ်မှုအပေါ် တန်ဖိုးထားတတ် လာကြပါလိမ့်မယ်။

မေး။ လွတ်လပ်ရေးအစဉ်တည်မြဲနေစေဖို့အတွက် ဘယ် လိုကျင့်ကြံနေထိုင် သင့်ပါသလဲခင်ဗျာ။

ဖြေ။ လွတ်လပ်ရေးအစဉ်တည်မြဲနေစေဖို့ ပြည်သူတွေ ညီညွတ်ပြီး စည်းစည်း လုံးလုံးရှိဖို့လိုတယ်။ တာဝန်နဲ့ အ လုပ်တွေကို ညီညီညွတ်ညွတ် ကြိုးစားဆောင်ရွက်ကြပြီး တိုင်းပြည်တိုးတက်အောင်ပြုလုပ်စေချင်ပါတယ်။ တိုင်း ပြည်တိုးတက်ပြီး ပြည်သူတွေ ကြီးပွားချမ်းသာကာ ကိုယ် စိတ်နှစ်ပါးအေးမြရွှင်လန်းကြစေလိုပါတယ်။

စည်းကမ်းရှိကြ ဖို့ လိုပြီး မိမိစိတ် ကိုမိမိတို့ကိုယ်တိုင် ပြုပြင်ကြစေ လိုပါ တယ်။ ကိုယ်တိုင်တစ်ဦးချင်း စည်းကမ်း ရှိမှ နိုင်ငံစည်းကမ်းရှိပါမယ်။ တိုင်းပြည်တိုးတက်ဖို့ အတွက် လူငယ်တွေ အထူးကြိုးစားကြဖို့လိုပါတယ်။ အနာဂတ် အတွက် လူငယ်တွေကိုပဲ အားကိုးကြရပါမယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ဘိုးဘိုး ကို အထူးကျေးဇူး တင်ပါတယ် ခင်ဗျာ။ ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ။ ဘာသာ၊ သာသနာ၊ တိုင်းပြည်နဲ့အမျိုး အနွယ်ကိုစောင့်ရှောက် နိုင်ကြ သူများဖြစ် ပါစေ။

‪#‎Democracytoday‬
သီပေါမင်း၏မြေးများဖြစ်သော တော်ဘုရား(ဝဲ)နှင့် ထိပ်စုဘုရားကြီး (ယာ)တို့ကို တွေ့ ရစဉ်။ ဓာတ်ပုံများ-ထိပ်တင်အောင်




No comments: