Thursday, January 14, 2016

Boeing က ရေငုပ်သင်္ဘောအဖြစ် ပြောင်းလဲနိုင်မည့် ဒရုန်းဖန်တီးမည်

Boeing's New Patent Transforms A Drone Into A Submarine

.

.
အမေရိကန် နိုင်ငံ Boeing လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက ရေငုပ်သင်္ဘော ပုံစံသို့ ပြောင်းလဲနိုင်မည့် ဒရုန်းပုံစံများကို ထုတ်လုပ်ရန် အတွက် မကြာသေးမီက မူပိုင်ခွင့် တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
Boeing ၏ ဒရုန်းများမှာ လေပေါ်တွင် ပျံသန်းရင်း အလွန် တိုတောင်းသော အချိန်ကာလ အတွင်း ရေငုပ်သင်္ဘော ပုံစံသို့ ပြောင်းလဲနိုင်ပြီး သမုဒ္ဒရာ ရေနက်ထဲတွင် ခရီး ဆက်လက် သွားနိုင်ရန် အတွက် ဖန်တီး ထားကြောင်း သိရသည်။ Boeing က ပုံစံပြောင်း တတ်သော ဒရုန်းကို စစ်တပ်တွင် အသုံးပြု နိုင်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို ဒရုန်းများမှာ လေယာဉ် တစ်စီးပေါ်မှ လွှတ်ပေးရပြီး ပင်လယ်ရေ ပေါ်တွင် သတ်မှတ် ထားသည့် နေရာတစ်ခု ရောက်သော် အလေးချိန် ပိုမိုမှု မရှိစေရန် အတွက် လေယာဉ်တောင်ပံ များကို ဖြုတ်ချကာ ရေထဲသို့ ဆင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ ရေအောက်သို့ ရောက်သော် တည်ငြိမ်စွာ မျောနိုင်ရန် အတွက် တပ်ဆင် ထားသည့် တိုက်ကီ တစ်ခုက ရေအောက်တွင် လမ်းကြောင်း၌ တည်ငြိမ်စွာ သွားလာနိုင်ရန် ထိန်းကျောင်း ပေးပြီး ဒုတိယဒလက် တစ်စုံက စတင် အလုပ်လုပ်မည် ဖြစ်ကြောင်း သိရသည်။
.
Boeing က ဤ ဒရုန်းများကို သုတေသနများ လုပ်ဆောင် ရာတွင် အချက်အလက် များကို ရှင်းလင်း ပြောပြခြင်း မရှိသေး သဖြင့် ဒရုန်း၏ အတွင်းပိုင်း၌ ပါဝင်သော စက်ပစ္စည်း များကို မသိရ သေးပေ။ သို့သော်လည်း Boeing အင်ဂျင်နီယာ များက မောင်းသူမဲ့ ရေအောက်သုံး ယာဉ်များအပေါ် လေ့လာမှုများ ပြုလုပ် လာသည်မှာ ၁ဝ နှစ်ရှိပြီ ဖြစ်၍ Boeing ၏ ပရောဂျက်မှာ အောင်မြင်မှု ရရှိရန် အလားအလာ များနေလျက် ရှိကြောင်း သိရသည်။
.
မူပိုင်ခွင့် တင်ရာတွင် Boeing က ဤ မောင်းသူမဲ့ ဒရုန်းပုံစံကို ထုတ်လုပ်ခြင်းမှာ လူသားများကို ပို့လွှတ်၍ စူးစမ်း လေ့လာရေး လုပ်ဆောင်ရန် အတွက် အန္တရာယ် များလွန်း နေသော (သို့မဟုတ်) အကုန်အကျ များလွန်းသော နေရာများတွင် အသုံးပြုနိုင်ရန် အတွက် လေကြောင်း၊ လေကြောင်း နှစ်မျိုးလုံးတွင် အသုံးပြု နိုင်မည့် ဒရုန်းကို ဖန်တီး ခဲ့ကြောင်း သိရသည်။
.
ဤ ဒရုန်းပုံစံများကို Boeing  က မူပိုင်ခွင့်သာ တင်ထားခြင်း ဖြစ်ပြီး လေ့လာ စမ်းသပ်မှုများက လုပ်ဆောင် နေလျက် ရှိကြောင်း သိရသည်။
.

No comments: