Thursday, January 14, 2016

ပိုင်ရှင်မဲ့သစ်များ ထပ်မံသိမ်းဆည်းရမိ ပခုက္ကူမြို့ ကံမတိုက်နယ် ရွာသာယာရွာတောင်ဘက်တွင် ယနေ့(ဇန်နဝါရီလ ၁၄ ရက်) နံနက် ၆

ပိုင်ရှင်မဲ့သစ်များ ထပ်မံသိမ်းဆည်းရမိ
ပခုက္ကူမြို့ ကံမတိုက်နယ် ရွာသာယာရွာတောင်ဘက်တွင် ယနေ့(ဇန်နဝါရီလ ၁၄ ရက်) နံနက် ၆ နာရီခန့်က ပိုင်ရှင်မဲ့စကွဲယားပိတောက်သားသစ်တုံး ၉၇ တုံး(၁၁ တန်ကျော်)ကို ဒုတိယအကြီအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ကံမရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်မျိုးလွင်က ဆိုသည်။
ပခုက္ကူမြို့နယ် လယ်ယာအရှေ့ကျေးရွာအုပ်စုနှင့် ချောက်ကန်ကျေးရွာအုပ်စုကြား ပခုက္ကူ-ကြံခင်း ရထားလမ်းဘေးတွင်လည်း ဇန်နဝါရီလ ၁၂ ရက် ည ၆ နာရီကျော်ခန့်က ပိုင်ရှင်မဲ့စကွဲယားပိတောက်သစ်တုံး ၃၀၀ကျော်(တန် ၅၀ကျော်)ကို သိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူမြို့ရဲစခန်းထံမှ သိရသည်။
(ဓာတ်ပုံ-နေလင်းဖြူ)

No comments: