Thursday, January 14, 2016

ငလျင်ဒဏ်ခံရပါက ပြည်သူများ ပြုမူ ဆောင်ရွက်သင့်သည်များနှင့် အရေးပေါ် အဆက်အသွယ်များ


    ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

    ယခုရက်ပိုင်း မြေငလျင်ငယ်များ အကြိမ်အရေအတွက် ခပ်စိပ်စိပ် လှုပ်ခတ်မှုများကြောင့် ပြည်သူများ အနေဖြင့် ငလျင်ဒဏ် ကြုံတွေ့ ရပါက ပြုမူဆောင်ရွက်သင့်သည့် အချက်များနှင့် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များအား ပြန်လည် ဖော်ပြအပ်ပါသည်။

ပြည်သူများအနေဖြင့် မည်သည့် အချိန်တွင် ငလျင်လှုပ်ခတ်မည်ကို ခန့် မှန်း၍ မရနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်မှုများ သေချာစွာ ဆောင်ရွက်သင့်ကြောင်း ၊ ငလျင်ဒဏ် ခံရပါက ဘေးအန္တရာယ် ရှိမည်မှာ အဆောက်အအုံ ပြိုကျခြင်းမျိုး ဖြစ်ခြင်းထက် အမြင့်တွင် ရှိသည့် ပစ္စည်းများ ပြုတ်ကျခြင်းသည် ပိုမို အန္တရာယ် ရှိကြောင်း ၊ နေအိမ် ၊ တိုက်ခန်းများတွင် အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် Air Con ၊  ဗီဒိုများ ၊ မီးဆိုင်းများ အနီးတစ်ဝိုက် အိပ်စက် နေထိုင်ခြင်းများ သတိပြုရန် လိုအပ်ကြောင်း ၊ ငလျင်လှုပ်ခတ်နေပါက နေအိမ်အတွင်းမှ ရုတ်တရက် ပြေးထွက်/ဝင်ခြင်းများ မပြုလုပ်ဘဲ မိမိနေရာတွင် ငလျင်ဒဏ် သက်သာမည့် နေရာအား ကြိုတင်ကြည့်ရှုထားသင့်ကြောင်း သတိပြုသင့်သည့် အချက်များအား  မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေငလျင်နှင့် ပတ်သက်၍ အရေးပေါ် ဆက်သွယ် အကူအညီများ သိရှိရယူလိုပါက
မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန                       ၀၆၇-၄၁၁၂၆၄ ၊ ၀၆၇-၄၁၁၂၅၃
မြေငလျင်ဌာနခွဲ (နေပြည်တော်)

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)                       ၀၁-၃၉၂၀၂၈၊ ၃၉၂၀၂၉
အရေးပေါ်                                ၁၉၂

မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ (အရေးပေါ်)                    ၁၉၁
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အရေးပေါ်)                              ၁၉၉
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး                        ၀၁-၂၅၆၁၁၂
များသို့ လည်းကောင်း စုံစမ်းမေးမြန်း၍ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။  (Xinhua)

http://www.xinhuamyanmar.com

No comments: