မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, January 19, 2016
ဆီရာယာ လီယွန်း နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် က အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ခံထားရမှုကြောင့် သေဆုံး ခဲ့ရတဲ့ လူနာ အသစ် တစ်ဦးနဲ့ ထိစပ် ခဲ့တဲ့ လူပေါင်း ၁၀၀ ကျော် ကို အစိုးရ အာဏာပိုင် တွေ ဖော်ထုတ်ထား ပါတယ်။

အဲဒီ့ ထဲက ၂၈ ဦး လည်းပဲ အီဘိုလာ ကူးစက် ခံထား ရနိုင်တဲ့ ဖြစ်နိုင်ခြေ များလို့ လူအများနဲ့ ထိတွေ့ ဆက်ဆံမှု မရှိ ရအောင် သီးသန့် ခွဲထားရတယ် ဆိုပြီး ဆီရာယာ လီယွန်း ကျန်းမာရေး ဝန်ကြီး ဌာန က ဆိုပါတယ်။
အနောက် အာဖရိက နိုင်ငံတွေ တလွှား အီဘိုလာ ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက် ပျံ့နှံ့ ခမှု အဆုံး သတ် သွားပြီ လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ကြေညာ ခဲ့ အပြီး နောက် တစ်ရက် မှာပဲ ဆီရာယာ လီယွန်း မှာ အီဘိုလာ ကြောင့် လူနာသစ် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့တာ ဖြစ်ပါတယ်။
အီဘိုလာ ကူးစက် ခံရလို့ ဆီရာယာလီယွန်း နိုင်ငံထဲမှာ လူပေါင်း ၄ ထောင် နီးပါး သေဆုံး ခဲ့ရ ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment