Sunday, January 3, 2016

ဆောင်းတွင်း အသားပပ်ချိန် ဆောင်ရန်၊ ရှောင်ရန်များ

ဆောင်းတွင်း အသားပပ်ချိန် ဆောင်ရန်၊ ရှောင်ရန်များ

Q. အသားပပ်နေချိန်မှာ ဘယ်လို အမူအကျင့်တွေကို အလေးထားလိုက်နာသင့်ပါသလဲ ဆရာမ။

A. အရေပြားက နူးညံ့တာကြောင့် အရေပြား ခြောက်သွေ့ရင် ယားတတ်ပါတယ်။ ယားလို့ ကုတ်လိုက်ရင် အရေပြားရဲ့ အကာအကွယ် စနစ် ပျက်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ ယား-ခြောက်သွေ့ - ကုတ် သံသရာ ဖြတ်ရပါမယ်။

ပိုးသတ်ဆေးတွေပါတဲ့ ဆပ်ပြာ၊လိုးရှင်းတွေကို
ရှောင်သင့်ပြီး ရေချိုးချိန်ကို ၁၀ မိနစ်ထက်ပိုမကြာစေသင့်ပါ။
ဆောင်းတွင်းမှာ ရေပူထက် ရေနွေးနဲ့ပဲ ချိုးသင့်ပါတယ်။

အသားအရေထိန်းပစ္စည်း သုံးသင့်ပါတယ်။ ပန်းကန်ဆေးတာ၊ ပန်းစိုက်တာ၊ အ၀တ်လျှော်တာနဲ့ ည ဘက်အေးတဲ့အခါတွေမှာ လက်အိတ်ဝတ်သင့်ပါ တယ်။ အ၀တ်လျှော်တဲ့အခါ ဓာတ်မတည့်မှု နည်;စေမယ့် သန့်စင်ပစ္စည်းတွေ သုံးသင့်ပါတယ်။

ပတ်ဝန်းကျင် အပူချိန် ထိန်းထားပြီး ပူလွန်း/ အေးလွန်းတဲ့ နေရာတွေကို မကြာခဏ ပြောင်းပြီး မနေသင့်ပါဘူး။

နေပူရှောင်ပြီး အပြင်မထွက်ခင် နေရောင်ကာ ခရင်မ် လိမ်းရပါမယ်၊ ဦးထုပ်၊ ပုဝါ၊ မျက်မှန်စတာတွေကို သုံးရပါမယ်။

ဖြစ်နိုင်ရင် ကော်ဖီ၊ လက်ဖက်ရည် ရှောင်သင့် ပြီး ဆောင်းတွင်းမှာ ကော်ဖီပူပူသောက်ရင် ကော်ဖီက အရေပြား ခြောက်သွေ့စေတတ်ပါတယ်။အရက် သောက်တာကလည်း အရေပြား ခြောက်စေပါတယ်။

အရေပြားကို အဆီလွှာက ဖုံးထားလို့ အဆီ လျှော့စားရင် မကောင်းပါဘူး။ အဆီရအောင် တိုဟူး၊ မြေပဲ၊ ပဲ၊ ပဲနို့နဲ့ ငါးကြီးဆီတို့ကို ဆောင်းတွင်းမှာ စားသင့်ပါတယ်။

အရေပြားကို ပေါင်းတင်၊ ကြေးချွတ်တာတွေ ကို ပုံမှန်ပြုလုပ်နေကျဆိုရင် နည်းနည်းလျှော့သင့်ပါ တယ်။ ရေချိုးပြီးတဲ့အခါ ပွတ်ပြီး မသုတ်သင့်ပါဘူး။
အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့ သုံးသင့်ပါတယ်။

ဒေါက်တာမြတ်စန္ဒာကျော် အရေပြားအထူးကု ဆရာဝန်ကြီး
တွဲဖက်ပါမောက္ခ၊ မြောက်ဥက္ကလာပ ဆေးရုံကြီး။

(Healthy Life ဂျာနယ် အမှတ် (၁၂) တွင် ပါရှိသည့် အသားပပ်ခြင်းနှင့် ဆောင်းတွင်း အသားအရေ ခြောက်သွေ့ခြင်း အင်တာဗျူးမှ အမေးအဖြေတစ်ခုကို အများပြည်သူအကျိုးရှိစေရန်အတွက်
ပြန်လည် ဖော်ပြပေးလိုက်ပါသည်)

No comments: