Wednesday, January 6, 2016

အားလပ်ချိန်တွေကို မဖြုန်းတီးပါနဲ့။

အားလပ်ချိန်တွေကို မဖြုန်းတီးပါနဲ့။

အားလပ်ချိန်တွေကို မဖြုန်းတီးပါနဲ့။

အားလပ်ချိန်တွေကို မဖြုန်းတီးပါနဲ့။

အားလပ်ချိန်မှာ ဘာလုပ်လေ့ရှိပါသလဲ။ လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ အဲ့ဒိလူ အားလပ်ချိန်မှာ
ဘာတွေလုပ်လေ့ရှိသလဲ ဆိုတာပေါ်အများကြီးမူတည်နေပါတယ်။ အားလပ်ချိန်တွေကို နေ့တိုင်း ဖုန်း
တစ်လုံး ပွတ်ရင်းနဲ့ဖြုန်းနေပါသလား။ ဂိမ်းဆော့မလိုလို၊ Chatting  ထိုင်မလိုလို၊ ဇာတ်ကားကြည့်
မလိုလို၊ ညည့်နက်သန်းခေါင်အထိ ဘာမှထူးထူးခြားခြားတက်လာမှာ မဟုတ်တဲ့ Facebook Status
တွေကို စောင့်ကြည့်နေပါသလား။ တစ်နေ့ သင့်ရဲ့ အားလပ်ချိန်တွေကို သေချာပေါက် ပြန်လည် သတိ
ရပါလိမ့်မယ်။ အဲ့ဒိအချိန်ကျရင် အခါနှောင်းသွားပါလိမ့်မယ်။ ငယ်ရွယ်တုန်းမှာမှ ပျင်းရိနေရင် ကြီးလာ
လို့ စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့အချိန်မှာ ဘာမှ အဖတ်ပြန်ဆယ်လို့ မရတော့ပါဘူး။ ဒီတော့
သင့်ရဲ့အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချဖို့ လိုလာပါပြီ။ အောက်မှာတော့ သင့်ရဲ့အားလပ်ချိန်
ကို အကျိုးရှိစွာ အသုံးချနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

စာဖတ်ပါ။

ကားပေါ်မှာ စောင့်တာဖြစ်ဖြစ်၊ ရထားပေါ်မှာ အကြာကြီးစီးရတာဖြစ်ဖြစ် သင်စာအုပ်တစ်အုပ်ဖတ်လို့ရပါ
တယ်။ စာဖတ်ခြင်းက သင့်ရဲ့အတွေးတွေကိုလည်း တိုးတက်စေပြီး သင့်ရဲ့စဉ်းစားဆင်ခြင်ဥာဏ်ကိုလည်း
တိုးတက်စေပါတယ်။ အကျိုးဆက်အားဖြင့် သင့်ရဲ့ဆုံးဖြတ်ချက်တွေလည်း အရင်ကထက်မှန်ကန်လာပါ
လိ့မ်မယ်။ စိတ်အားတက်ကြွမယ့်စာတွေကိုလည်းများများဖတ်ပေးပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ကြိုးစားခဲ့
ပုံတွေကိုဖတ်ပါ။

ဘာသာစကားလေ့လာပါ။

ဘာသာစကားတစ်ခုခုကိုလေ့လာလို့ရပါတယ်။ ဘာသာစကားတစ်ခုခုကို ပိုင်နိုင်ကျွမ်းကျင်ဖို့ တစ်နှစ်
လောက် အင်ပြည့်အားပြည့်လေ့လာလိုက်ရင်ရပါတယ်။ အဲ့ဒိအကျိုးကျေးဇူးကတော့ သင့်ဘဝတစ်ခုလုံး
အထင်ကြီးတဲ့ မျက်လုံးတွေကို တွေ့ကြုံရပါလိမ့်မယ်။ အဲ့ဒိဘာသာစကားကြောင့် အလုပ်အကိုင်ကောင်း
တွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အလုပ်အကိုင်ကောင်းတွေနဲ့အတူ သာယာတဲ့ဘဝလေးကိုလည်း ပိုင်ဆိုင်ဖို့
အလားအလာပိုရှိပါတယ်။

ရုပ်ရှင်ကြည့်ပါ။

ရုပ်ရှင်ကြည့်တာကို အချို့ကဖျော်ဖြေရေးတစ်ခုလို့သာ မြင်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဆိုတာ
ဖျော်ဖြေရေးတစ်ခုထက်ပိုပါတယ်။ ရုပ်ရှင်တွေမှာ ယူတတ်တဲ့လူတစ်ယောက်အတွက်ရနိုင်စရာတွေ
အများကြီးရှိနေပါတယ်။ ခပ်ပေါပေါ မြန်မာကားတွေ၊ အချစ်အကြောင်းပဲ တစ်ချိန်လုံးရိုက်နေတဲ့
ကိုရီးယားကားတွေကိုတော့ ကျွန်တော်မညွှန်းပါဘူး။ဟောလိဝုဒ်၊ ဘောလိဝုဒ်တို့ကတကယ်ဗဟုသုတ
ရပြီး စိတ်အားတက်ကြွမယ့် ရုပ်ရှင်မျိုးတွေများများကြည့်ပါ။

စာရေးပါ။

စာရေးတာဝါသနာပါရင် စာရေးကြည့်ပါ။ ဘာပဲဖြစ်ဖြစ်ရေးပါ။ ကဗျာပဲဖြစ်ဖြစ်စာပဲဖြစ်ဖြစ်ရေးပါ။ ပြီးရင်
Facebook Page လေးတစ်ခုလောက်လုပ်ပြီး တင်ကြည့်ပါ။ သင့်အရေးအသားတွေကိုအားပေးသူတွေ
ရှိလာတဲ့အခါ သင်ခံစားရတဲ့ ခံစားချက်ကို ဘာနဲ့မှလဲချင်မှာမဟုတ်ပါဘူး။

ကျန်းမာရေးဂရုစိုက်ပါ။

ကျန်းမာရေးအတွက်အချိန်ပေးပါ။ Gym သွားဖို့အားရင် Gym သွားဆော့ပါ။ ရေကူးပါ။ အားကစား
တစ်ခုခုကိုလုပ်ပါ။ နောက်ဆုံးမအားရင် ညနေဘက်လောက် ကိုယ့်အိမ်မှာပဲ အပေါ့စားလေ့ကျင့်ခန်း
တွေလုပ်ပါ။ ဘဝဆိုတဲ့ခရီးရှည်ကြီးကို ကျန်းကျန်းမာမာ စိတ်လက်ချမ်းသာစွာနဲ့ ဖြတ်သန်းချင်ရင်
တော့ သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

ဝါသနာပါတာ တစ်ခုခုကိုလေ့လာပါ။

သင်ဂစ်တာတီးတာ ဝါသနာပါလား၊ သီချင်းဆိုတာ ဝါသနာပါလား၊ စန္ဒရားတီးတာ ဝါသနာပါလား၊
တယောတီးတာ ဝါသနာပါလား၊ ကရတာ ဝါသနာပါလား၊ဘာပဲ ဝါသနာပါပါ သင့်ရဲ့ဝါသနာအတွက်
အချိန်ပေးပါ။ တိုတောင်းလှတဲ့ လူ့ဘဝလေးမှာ ပိုက်ဆံဆိုတဲ့ အရာနဲ့ပဲ အချိန်မကုန်သွားပါစေနဲ့။
သင့်ကိုယ်သင် ပျော်ရွှင်အောင်လည်း ထားပါ။
မအားဘူးလို့ ဆင်ခြေမပေးပါနဲ့။ သင်အားပါတယ်။ မအားချင်ယောင်ဆောင်နေတာပါ။ အားအောင်
လုပ်ရင် အားကိုအားပါတယ်။ အချိန်ဖြုန်းနေတဲ့လူငယ်တွေရှိရင်လည်း ပြန်ပြင်ဖို့ နောက်မကျသေး
ပါဘူး။ ရည်စားထားပါ။ ဂိမ်းဆော့ပါ။ ဒါပေမယ့် ဘာပဲလုပ်နေ လုပ်နေ တစ်နေ့နောင်တပြန်ရမယ့်
အလုပ်မျိုးမလုပ်မိပါစေနဲ့။
မိုးရှင်း (I.M.T)

No comments: