မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 16, 2016
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့ ကျင်းပလျက်ရှိပြီး ကဏ္ဍအလိုက် ပြုစုထားသော ဆွေးနွေးချက်များကို ညီလာခံသို့ တင်သွင်းမည်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့ ကျင်းပလျက်ရှိပြီး ကဏ္ဍအလိုက် ပြုစုထားသော ဆွေးနွေးချက်များကို ညီလာခံသို့ တင်သွင်းမည်
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်က စတင်၍ နေပြည်တော်၌ ကျင်းပခဲ့ရာ ညီလာခံ နောက်ဆုံးနေ့ အစီစဉ်များကို ဇန်န၀ါရီ ၁၆ ရက် နံနက်မှ စတင်ကျင်းပလျက်ရှိသည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ စသည့်အစုအဖွဲ့ အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များက ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့်ကဏ္ဍအလိုက် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြရာ ကဏ္ဍအလိုက် ပြုစုထားသော ဆွေးနွေးချက်များကို ညီလာခံသို့ တင်သွင်းဖတ်ကြားခြင်း၊ အစုအဖွဲ့ အသီးသီးမှ တင်ပြလာသော ဆွေးနွေးချက် စုစည်းမှု မှတ်တမ်းများကို လက်ခံအတည်ပြုခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးမှု စုစည်းချက်များကို ညီလာခံကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ သုံးဦးတို့မှ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံသို့ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်မည်ဖြစ်သည်။ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိဂုံးချုပ်မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်းလည်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment