Saturday, January 16, 2016

ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများမှ လုပ်ငန်းသုံး ယာဉ်ယန္တရားများအား စစ်ဆေးရန် ပြည်ထောင်စုအဆင့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ ဖားကန့်သို့ရောက်ရှိ

ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများမှ လုပ်ငန်းသုံး ယာဉ်ယန္တရားများအား စစ်ဆေးရန် ပြည်ထောင်စုအဆင့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ ဖားကန့်သို့ရောက်ရှိ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ ပါဝင်ပြီး ပြည်ထဲရေး ဒုဝန်ကြီးမှာ ဖားကန့်သို့ လိုက်ပါလာခြင်း မရှိသေးကြောင်း သိရသည်။ ဇန်န၀ါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ယင်းအဖွဲ့က ဖားကန့်ဒေသရှိ ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး စစ်ဆေးရမည့် ယာဉ်ယန္တရားများမှာ များပြားလွန်းသည့်အတွက် မိမိတို့အဖွဲ့မှ စစ်ဆေးရာတွင် လွယ်ကူမြန်ဆန်စေရန် မှာကြားမှုများ ပြုလုပ်ခဲ့သည်။ သတ္တုတွင်း ၀န်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန့်သိန်းက ကုမ္ပဏီ လုပ်ငန်းရှင်များအား “ယာဉ်ယန္တရားတွေရဲ့ အရေအတွက်ဟာ များပြားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ ကောက်ခံနိုင်ဖို့အတွက် စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ ရက်မှာတော့ လုပ်ငန်းတွေကို လုံးဝရပ်နား ထားပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။ ယန္တရားတွေဟာ ကျွန်တော်တို့ စစ်ဆေးတဲ့ရက်မှာ ဟိုထွက်သွားတယ် ဒီထွက်သွားတယ် ဒါမှမဟုတ် လုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ဟာ အချိန်နဲ့အတူ လုပ်ငန်းဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် လုပ်ငန်းစဉ်မှာ နှောင့်နှေးတာတွေ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://goo.gl/gOx10P ဖားကန့်ဒေသသို့ ရောက်ရှိနေသော ကျောက်တူးဖော်ရေး လုပ်ငန်းသုံး ယာဉ်ယန္တရားများအား စစ်ဆေးရန် ဒုညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ ပါဝင်သော ပြည်ထောင်စုအဆင့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ ဇန်န၀ါရီ ၁၅ ရက်တွင် ဖားကန့်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ news-eleven.com

No comments: