Tuesday, January 19, 2016

ခဲနဲ့ ပေါက်ခံရတာနဲ့ပက်သက်ပြီး ဇွန်သဉ္ဇာ ဘာပြောလဲ

       Sexy မော်ဒယ် ဖြစ်တဲ့ အတွက် ဖက်ရှင်ကျကျ ဝတ်ထားတာပါပဲ။ အရမ်းတောကျတဲ့ သူတွေ အတွက်ကတော့ ဟော့ရင်ဟော့နေမှာပေါ့။


ဇန်နဝါရီ ၁၈ နေ့ညက ကယားပြည်နယ်နေ့အခမ်းအနားပွဲမှာ မော်ဒယ်သရုပ်ဆောင် ဇွန်သဉ္ဇာဟာ ခဲတွေနဲ့ ပေါက်ခံခဲ့ရပါတယ်။
 ခဲနဲ့ပေါက်ခံရပေမဲ့ သူခံယူထားတဲ့ အနုပညာလမ်းကြောင်းကို ဆက်လျှောက်သွားမှာဖြစ်ကြောင်း အဆိုပါကိစ္စနဲ့ပက်သက်ပြီး ဇွန်သဉ္ဇာက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Mizzima သတင်းဌာနရဲ့ဖော်ပြချက်အရ ဇွန်သဉ္ဇာဟာ ကြီးမားတဲ့ဒဏ်ရာတွေမရရှိခဲ့ဘဲ ခေါင်းနဲ့ပခုံးလောက်ကိုသာ အနည်းငယ်စင်ခဲ့တာဖြစ်ပါတယ်။
"သူတို့က အောင်ထက်ကို အရမ်း အားပေးကြတာ။ အောင်ထက် စင်ပေါ်မတက်မချင်း ပြောင်းဖူးရိုးတွေနဲ့ပေါက်၊ ခဲသေးသေးလေးတွေနဲ့ အဝေးကနေ လှမ်းပေါက်ကြတာပါ။ တချို့ နယ်ပွဲတွေမှာလည်း အဲလိုတွေရှိတဲ့အတွက် သိပ်တော့ မဆန်းတော့ပါဘူး။ သူတို့ဘာသာ ခဲနဲ့ပဲပေါက်ပေါက် ကိုယ်ခံယူထားတဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ဆက်ပြီး လျှောက်လှမ်းသွားမှာပါ" လို့ ဇွန်သဉ္ဇာက Mizzima ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်။
 "Sexy မော်ဒယ် ဖြစ်တဲ့ အတွက် ဖက်ရှင်ကျကျ ဝတ်ထားတာပါပဲ။ အရမ်းတောကျတဲ့ သူတွေအတွက်ကတော့ ဟော့ရင်ဟော့နေမှာပေါ့" လို့လည်း  ဇွန်သဉ္ဇာက ပြောကြားခဲ့ကြောင်း သိရပါတယ်။
Photo & Source: Mizzima

No comments: