Wednesday, January 13, 2016

တရားမ၀င်သစ်များ တင်ဆောင်လာသည့် သစ်တင်ယာဉ် ချောက်ထဲထိုးကျ တိမ်းမှောက်ပြီး လူကိုးဦးသေဆုံး

တရားမ၀င်သစ်များ တင်ဆောင်လာသည့် သစ်တင်ယာဉ် ချောက်ထဲထိုးကျ
တိမ်းမှောက်ပြီး လူကိုးဦးသေဆုံး
---------- ------- ----------
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မြန်အောင် သစ်တောကြိုးဝိုင်း အနီးရှိ
သဖန်းချောင်းကွေ့ ၌ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် ၁၂း၃၀ နာရီက သစ်တင်
ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်ကာ လူကိုးဦး သေဆုံးခဲ့ကြောင်း
သက်ဆိုင်ရာ မဲဇလီကုန်းရဲစခန်းမှ သိရှိရသည်။

ရခိုင်ရိုးမအတွင်းမှ တရားမ၀င် အခြားသား ပုံတုံး သုံးတန်ခန့် တင်ပြီး မောင်းနှင်
လာသည့် အပြာရောင် ခြောက်ဘီး မော်တော်ယာဉ်မှာ သဖန်းချောင်းကွေ့
အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ပြီး
ရှစ်ဦးပွဲချင်းပြီး သေဆုံးကာ၊ တစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း
မဲဇလီကုန်းရဲစခန်းမှ သိရသည်။
“ခုံကြီးရွာ အုပ်ချုပ်ရေးမှူးက သတင်းပို့လို့ တောအုပ်ကြီး ပါဝင်တဲ့ အဖွဲ့နဲ့ သက်သေ
တွေပါ အတူ သွားရောက် စစ်ဆေးခဲ့ရာမှာ ရှစ်ယောက်ကတော့ သစ်လုံးပိ သေဆုံး
နေပြီး ကားပိနေတဲ့ တစ်ယောက်ကတော့ ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးခဲ့တာပါ”
ဟု မဲဇလီကုန်းရဲစခန်းမှူး ရဲအုပ် ရဲကျော်ထူးက ပြောသည်။
တိမ်းမှောက်ခဲ့သည့် ယာဉ်ပေါ်တွင် အလုပ်သမား ၁၆ ဦးနှင့် ယာဉ်မောင်းတို့ ပါလာ
ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် အလုပ်သမား ခြောက်ဦးတို့မှာ ယာဉ်တိမ်းမှောက်စဉ်
ခုန်ချထွက်ပြေး တိမ်းရှောင်နေပြီး တစ်ဦးမှာ ဦးခေါင်းထိပ် ဖူးယောင်ဒဏ်ရာ
(မစိုးရိမ်ရ) ရရှိကာ ကိုးဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မဲဇလီကုန်းရဲစခန်းမှ သိရသည်။
လက်ရှိအချိန်တွင် အလောင်းများကို အင်္ဂပူဆေးရုံသို့ ပို့ဆောင်ရန်စီ စဉ်နေပြီး
သေဆုံးသူ ကိုးဦးမှာ အင်္ဂပူမြို့နယ် အတွင်းနေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
ယာဉ်မဆင်မခြင် မောင်းနှင်သူ ဆန်းလွင်အား အရေးယူပေးပါရန် ရဲအုပ်ရဲကျော်ထူး
၏ တိုင်တန်းချက်အရ မဲဇလီကုန်း နယ်မြေရဲစခန်းမှ (ပ)၁/၂၀၁၆ ပြစ်မှုပုဒ်မ
၃၀၄(က)/ ၃၃၈ / ၂၀၂ ဖြင့်အမှုဖွင့်ကာ ယာဉ်မောင်း ဆန်းလွင်အာ ဖမ်းဆီးရရှိရန်
ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal

No comments: