ပေကျင်း ဇန်န၀ါရီ ၅
တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုပေါ်တွင် ဆောက်လုပ်ထားသော လေယာဉ်ပြေးလမ်းတွင် တရုတ်နိုင်ငံ၏ လေယာဉ်တစ်စင်း ဆင်းသက်ခဲ့ခြင်းသည် အငြင်းပွားနေသော ကျွန်းပေါ်ရှိ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း နှင့် စစ်ရေးလေယာဉ်များ စတင်ပျံသန်းပြေးဆွဲတော့မည်ကို ပြဆိုကြောင်း နိုင်ငံခြားရေး တာဝန်ရှိသူ နှင့် အကဲခတ်များကပြောကြားသည်။ အငြင်းပွားနေသော ကျွန်းတွင် စစ်ရေး အရှိန်မြှင့်လာခြင်းသည် တရုတ်နိုင်ငံက ထိန်းချုပ်ထားသော လေကြောင်းကာကွယ်ရေး ဇုန်တွင် ထိထိရောက်ရောက် ဦးဆောင်နိုင်စေမည့်အပြင် ကမ္ဘာ့ပိုင်နက်ကျူးကျော်မှုအများဆုံး ဒေသတစ်ခုတွင် အမေရိကန်နိုင်ငံနှင့် အခြား ပတ်ဝန်းကျင်နိုင်ငံများနှင့် တင်းမာမှုကိုလည်း ထပ်မံ မီးထိုးလိုက်သကဲ့သို့ ဖြစ်နေသည်။
တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများက စနေနေ့တွင် Spratlys ကျွန်းစုများတွင် တည်ဆောက်ထားသော ကျွန်းတုတစ်ခုပေါ်တွင် တရုတ်နိုင်ငံက ထိုဒေသရှိ ပြေးလမ်းတစ်ခုကို ပထမဆုံး အသုံးပြုခြင်းအနေဖြင့် အရပ်ဖက်သုံး လေယာဉ်တစ်စမ်းသပ် ပျံသန်းခဲ့ကြောင်း အတည်ပြုခဲ့သည်။
Ref: CNA

No comments:
Post a Comment