Saturday, January 16, 2016

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ မလှိုင်ဒေသခံများ ဆန္ဒထုတ်ဖော်

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ မလှိုင်ဒေသခံများ ဆန္ဒထုတ်ဖော် -------- -------- -------- မန္တလေးတိုင်းဒေသကြီး၊ မလိုင်မြို့ တစ်မြို့နယ်လုံးရှိ ရပ်ကွက်အုပ်ရေးမှူး ရွေချယ် ရာတွင် ဥပဒေနှင့် အညီ မရွေးချယ်ခဲ့ဟုဆိုကာ မလှိုင်မြို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးဆောင်ကာ လူအင်အား သုံးရာခန့် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် မလှိုင်မြို့အမှတ် ၃ ရပ်ကွက် ဈေးတန်း ကျောင်းရှေ့မှ စတင်ကာ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး အမှတ် ၁ ရပ်ကွက် ထီးဆောင်ကြီး ဘုရားရှေ့ကွင်းပြင်တွင် စုဝေးကာ ဆွေးနွေးဟောပြောခဲ့ကာ နေ့လယ် ၁၁း၃၀ နာရီ၌ ဆန္ဒထုတ်ဖော်မှု ရပ်ဆိုင်းခဲ့သည်။ "ဟိုလူဖြစ်လို့ ဒီလူဖြစ်လို့ မကြိုက်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ညီချင်တာပါ။ ဥပဒေနဲ့ အညီ အစကတည်းက မလုပ်ခဲ့တဲ့အတွက် နောင်မှာ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကနေ ပြန်လည် ရွေးချယ်ပေးဖို့ တောင်းဆို သွားမှာပါ။ ကျွန်တော်တို့ ပြည်သူတွေ သဘောမတူရင် ဘာမှလုပ်လို့ မရတဲ့ခေတ် ဆိုတာ မိဘပြည်သူတွေ နှလုံးသွင်းစေချင်တယ်" ဟု ဆန္ဒထုတ်ပွဲ ဦးဆောင်သူ မလှိုင်မြို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုသက်နိုင်ဝင်းက ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အိမ်ထောင်စု ဇယားတွင် မပါရှိသည့် သူများအား ထည့်ထားပြီး ထို့သို့ ရွေးချယ်ရာတွင် မည်သူမည်ဝါ မသိသည့် ကြီးကြပ်ရေးမှူးများက ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မလှိုင်မြို့တွင် ကျေးရွာ ၅၆ အုပ်စုရှိကာ ကျေးရွာအုပ်ချုပ်ရေး ရွေးချယ်သည့် ကြီးကြပ်ရေးမှူးများ၏ ရွေးချယ်မှုကို မကျေနပ်၍ ဆန္ဒထုတ်ဖော်ရာတွင် ရပ်ကွက်ကြီး ၁၂၃၊ နတ်စင်ကုန်း၊ ဆယ်ဒိုးတိုက်နယ်၊ ရွာတန်းရှည်၊ ဂွေညိုကွင်း၊ ပန်အိုင်၊ နှောကံ၊ ရေကမိုးဆည်ကြီး၊ ရငွေ့၊ ဆည်ကုန်း၊ မင်းလှ ဆည်စင်းကြီး၊ ဖက်ကုန်း၊ သုံးတောင်၊ ရေထွက် စသည့်ကျေးရွာများ ပါဝင်ခဲ့ကြသည်။ သတင်း - MMK The Ladies News Journal

No comments: