မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 16, 2016
ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ တည်းခိုခန်းမီးလောင်ရာမှ အမျိုးသားတစ်ဦးသေဆုံး
ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ တည်းခိုခန်းမီးလောင်ရာမှ အမျိုးသားတစ်ဦးသေဆုံး
---------------------------------------
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၆၅)ရပ်ကွက် ဧရာဝဏ်လမ်း စိမ့်စမ်းရေတည်းခိုခန်း၌ ယနေ့(ဇန်နဝါရီ ၁၆ရက်)နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၅၈နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ရဲတပ်ဖွဲ့၏ကနဦးစစ်ဆေးချက်များအရ အသက် ၅၈နှစ်အရွယ် ဦးအောင်ကျော်ခန့် တည်းခိုသော အခန်းတွင် ထွန်းညှိထားသော ခြင်ဆေးခွေမီးပွား စောင်ပေါ်ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဦးအောင်ကျော်ခန့်မှာ ခန္ဓာကိုယ် အနှံ့မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး တည်းခိုခန်း ခြောက်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောကြားသည်။
လူတစ်ဦးသေဆုံးခဲ့သော ယင်းမီးလောင်မှုကြောင့် တည်းခိုခန်း မန်နေဂျာကို ပုဒ်မ ၂၈၅/၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment