Saturday, January 9, 2016

အင်းတော်မြို့နယ်အနီး ပါဂျဲဒိုးယာဉ်နှင့် ဆယ်ဘီးယာဉ်တိုက်မိ၊ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

The Mirror Daily's photo.


အင်းတော် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး၌ ဇန်နဝါရီ ၇ ရက် နံနက် ၂ နာရီခန့်က ပါဂျဲဒိုးယာဉ်နှင့် ဆယ်ဘီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် နံနက် ၂ နာရီခန့်က မန္တလေးမှ ဖားကန့်သို့ ဖားကန့်မြို့နယ် တာမခန်ရွာနေ သန်းထွန်းအောင် မောင်းနှင်လာသော ပါဂျဲဒိုးယာဉ်သည် အင်းတော်မြို့နယ် နဘားကျေးရွာအနီး မန္တလေး-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် (၁၄၇/၂) သို့ ရောက်ရှိစဉ် ရှေ့မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆယ်ဘီးယာဉ်နှင့် တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ပါဂျဲဒိုး ယာဉ်ပေါ်လိုက်ပါလာသူ မန္တလေးမြို့နေ ဒေါ်ခင်မေရီမှာ ရရှိထားသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်မောင်း သန်းထွန်းအောင်နှင့် ဖားကန့်မြို့နယ် တာမ ခန်ရွာနေသူများဖြစ်ကြသော ကိုစိုင်း ရွက်၊ ဒေါ်သန်းနု၊ ကိုစိုင်းတို့တွင် ဒဏ်ရာများရရှိသဖြင့် အင်းတော်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
ဆယ်ဘီးယာဉ်မှာ မောင်းနှင်ထွက် ပြေးသွားပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းတော်မြို့မရဲစခန်းက အမှုဖွင့် အရေးယူစုံစမ်းလျက်ရှိကြောင်း သိရသည်။
(၂၃၃)

No comments: