Wednesday, January 6, 2016

အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားစဉ် မျက်ရည်ကျခဲ့

အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားစဉ် မျက်ရည်ကျခဲ့
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ဇန်န၀ါရီ ၅ ရက်က နိုင်ငံတွင်းမှ သေနတ်အကြမ်းဖက်မှုဖြစ်စဉ်များကို လျှေ့ချရေးနှင့် ပတ်သက်၍ အိမ်ဖြူတော်၌ ပြောကြားနေစဉ် စိတ်ထိခိုက်ပြီး မျက်ရည်များ ကျခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် သုံးနှစ်က ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့တွင် ဖြစ်ပွားခဲ့သော မူကြိုအရွယ် ကလေးငယ် ၂၀ ဦးကို သေဆုံးစေခဲ့သည့် သေနတ်ပစ်ခတ်မှုကို ပြန်လည်သတိရစဉ် အိုဘာမားသည် ယင်းကဲ့သို့ စိတ်ထိခိုက် လှုပ်ရှားခဲ့ရခြင်းဖြစ်သည်။
အိုဘားမားသည် နိုင်ငံအတွင်း၌ ဖြစ်ပွားနေသော သေနတ်အကြမ်းဖက်မှုဖြစ်စဉ်များကို ကိုင်တွယ်အရေးယူရန် စည်းမျဉ်းများကို ကြေညာပြီး ပိုမိုအဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရေးတွင် ကန့်ကွက်နေသည့် အမေရိကန်လွှတ်တော်အမတ်များကို အပြစ်ပေးကြရန်လည်း အမေရိကန် ပြည်သူများကို ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအတွင်း၌ သေနတ်ပေါင်း သန်း ၃၀၀ ကျော်ရှိပြီး သေနတ်အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် နှစ်စဉ် သေဆုံးရသူ ၃၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။
(Photo: HuffPost , AFP

No comments: