ရေငုတ်သင်္ဘောပေါ်ကနေ လွတ်တင်တဲ့ ဒုံးကျဉ်လို့ မြောက်ကိုရီးယားက ပြောပေမယ့် ယုံကြည်သူနည်းပါး (Credit: ABC licensed) |
မြောက်ကိုရီးယား နိုင်ငံဟာ ဇန်နဝါရီလ ၆ ရက်နေ့တုန်းကလည်း ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီလို့ ပြောဆိုခဲ့ဖူးပါတယ်။
အဲဒါ့အပြင် ရေငုတ်သင်္ဘောကနေ နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်နိုင်တဲ့ ဒုံးကျဉ်ကိုလည်း ဒီဇင်ဘာလတုန်းက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ရုပ်မြင်သံကြားမှာ ပြသလိုက်ပါတယ်။
အရင်တုန်းကတော့ ဒုံးကျဉ်စမ်းသပ်ပြီးတာနဲ့ ချက်ချင်း ထုတ်ပြန်လေ့ရှိပေမယ့် ဒီတချီမှာတော့ နောက်ကျမှ ထုတ်ပြန်တာ ဖြစ်ပါတယ်။
အဲဒီ ဗီဒီယိုကို ကျွမ်းကျင်ပညာရှင်တွေက သေခြာလေ့လာတဲ့အခါမှာ အချိန်အများကြီး ယူပြီး ယုံကြည်ရလောက်အောင် အဆင့်ဆင့် တည်းဖြတ်ထားတဲ့ ဗီဒီယို ဖြစ်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
အမှန်မှာတော့ အဲဒီ ဒုံးကျဉ်ကို ပစ်လွတ်တဲ့အခါမှာ အောင်မြင်မှု မရှိပေမယ့် အရင်တခေါက်က ပစ်လွတ်စမ်းသပ်ခဲ့တဲ့ ဗီဒီယိုနဲ့ ရောပြီး အောင်မြင်မှု ရှိတဲ့အကြောင်း တည်းဖြတ်လိုက်တာလို့ ထောက်ပြကြပါတယ်။
အဲဒါ့အပြင် အဲဒီ ဒုံးကျဉ်ကို ရေငုတ်သင်္ဘောပေါ်ကနေ လွတ်တင်တာ မဟုတ်ပဲ ရှည်လျားတဲ့ ကုန်တင်သင်္ဘောကနေ လွတ်တင်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီလို့ မြောက်ကိုရီးယားက ပြောဆိုတာကို ယုံကြည်မှု နည်းပါးပေမယ့်လည်း အဲဒီလို ရန်စတဲ့ အပြုအမှုတွေနဲ့ အပြောအဆိုတွေအပေါ် တုန့်ပြန်မှုတွေလုပ်ဖို့ ကြိုးစားနေကြပါတယ်။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့တုန်းက ပြင်းအား ၅.၁ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာ ရှိပေမယ့် အဲဒီ ပြင်းအားဟာ နည်းလွန်းနေပြီး ဟိုက်ဒရိုဂျင်ဗုံး မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment