ဒီနေ့ ၆ရက်၁လ၂၀၁၆ ညနေမှာ ပြင်ဦးလွင်အဆင်းလမ်း
အောင်ချမ်းသာရွာနှင့် ကျင်ဂနိုင်ရွာကြားဖွင့်ထားသော
ကားအရောင်းပြခန်းအနီးရှိ လမ်းဘေးဈေးဆိုင်မှကလေးကို
လူ၃ယောက်မှ ဆိုင်ကယ်နှင့်ခိုးယူသည်ကို မိခင်မှမြင်၍
အော်ဟစ်အကူအညီတောင်းသောကြောင့် ကလေးသူခိုး
များမှ ကလေးကို လွှင့်ပစ်ပြီးထွက်ပြေးရာ နီးစပ်ရာလူများ
မှဝိုင်းလိုက်ဖမ်းကြသဖြင့် ဆိုင်ကယ်ကိုအနီးရှိဘုန်းကြီး
ကျောင်းထဲပစ်ထားပြီး တောထဲဝင်ပြေးသွားပါသည်
ရပ်ရွာမှလူများကတောနင်းရှာဖွေရာ ကလေးသူခိုး
၁ယောက်ကို ပုန်းအောင်းရာနေရာမှဖမ်းမိပါသည်
၂ယောက်တော့မမိသေးပါ ဖမ်းမိသောသူမှအဖမ်းမခံဘဲ
ပြန်လည်ရန်မူခုခံသဖြင့် ရပ်ရာမှလုံးထွေးထိုးကြိတ်ဖမ်း
ယူရပါသည် သူတို့စီးလာသောဆိုင်ကယ်တူးဘောက်အထဲ
တွင် မူးယစ်စေသောဆေးပြားများ မေ့မြောစေသောဆေး
များကို စီးကရက်ဘူးခွံနှင့်ထည့်ထားသည်ကိုတွေ့ရပါသည်
ယခုရဲစခန်းသို့ခေါ်ဆောင်သွားပါပြီ ထိရောက်စွာအရေးယူ
မှာလား ငွေယူပြန်လွှတ်မှာလားတော့ သေခြာစောင့်ကြည့်
ပါအုံးမည် ကလေးရှိသောသူများမိမိကလေးကို သေခြာ
စောင့်ရှောက်စေချင်ပါသည် ရဲကိုအားမကိုးပါနှင့် သူတို့က
ရဲမကြောက်ပါ မိမိကလေးကိုမိမိကိုယ်တိုင်ကာကွယ်ပါ
တစ်ကယ်ခိုးနေကြခြင်းဖြစ်ပါသည် ရပ်ရွာအတွင်းသူစိမ်း
ဝင်လာလျင်ဂရုစိုက်စောင့်ကြည့်ကြပါ အများအားဖြင့်
ကလေးထည့်ရန် သေတ္တာပါ ပါသည် သတိထားကြပါ
ခင်များ
ရှယ်ပေးကြပါ
No comments:
Post a Comment