မော်တော်ယာဉ် ဥပဒေအသစ် အရ ၂၀၁၆ ခုနှစ် အတွက် တင်သွင်းရမည့် မော်ဒယ်
များသတ်မှတ် ခဲ့ရာ အရောင်းစင်တာ များတွင် တင်သွင်းထားသော ကားများ၊ တင်သွင်း
လာနေသောကားများ နှင့် တင်သွင်းရန် ပါမစ်လျှောက်ထားသော ကားများကိစ္စ
အတွက်မနေ့က အစည်းအဝေးကျင်းပ ရာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မှ ဝန်ကြီး
ဦးဥာဏ်ထွန်းအောင်နှင့် စီးကူး ဝန်ကြီး ဦးဝင်းမြင့် တို့ ဦးဆောင်
ကျင်းပခဲ့ ကြသည်။
ဦးစွာပထမ ရထားဝန်ကြီးမှ ၎င်းသည် တကြိမ်မှ သမ္မတ ကြီး၏ အညို ညင်မခံရဘူးကြောင်း အခု အခါ သားဆိုးသားမိုက် တစ်ယောက်ကဲ့သို့ မော်တော်ယာဉ်ဥပဒေ ပြု ခြင်းအပေါ် ပြုလုပ်ခဲ့မိကြောင်း။ လုပ်ငန်းရှင်များ ကိုတောင်းပန်ကြောင်း အားလုံး အဆင်ပြေအောင် လုပ်ပေးမည် ဖြစ်ကြောင်း ပဏာမ ပြောကြားခဲ့ ပြီး ။
မော်တော်ယာဉ် တင်သွင်းမှူဆိုင်ရာ သတ်မှတ်ချက် များကို နဂိုအတိုင်း ပြန်လည်ပြင်ဆင် နိုင်ရန် အစိုးရအဖွဲ့ သို့တင်ပြ ပေးမည် ဖြစ်ကြောင်း အာမခံ ပြောကြားခဲ့သည်။
မိမိ အနေဖြင့် နိုင်ငံသားများ ကားအသစ် များ ကို ဈေးနှူန်းသက်သာ စွာ ဝယ်ယူနိုင်ရေး ကိုသာဆောင်ရွက်သင့်ပြီး ကားစုတ်များ တင်သွင်းပြီး ပြည်သူများကို ဂျင်းထည့်နေ သော ပွဲစားများ ဝယ်ရောင်းများကိစ္စ ကိုအကျယ်တဝင့် ရှင်းပြ ခဲ့သည်။ ပြည်သူများ လည်းကားကောင်း မစီးရ။ အစိုးရလည်းအခွန်မရ။ road safety လည်း မရှိ။ ပါတ်ဝန်းကျင် ညစ်ညမ်းမှူ လည်းများ သော ကားဟောင်းများတင်သွင်းနေခြင်း ကို ရပ်သင့်ကြောင်း တင်ပြခဲ့သည်။
ကမ္ဘာပေါ်မှာ ကားအသစ်စက်ရုံတွေ မှိုလိုပေါက် ပြီး ကားသစ်များ ပေါ နေပါလျှက် ဂျပန်မှ ကားစုတ်များကို ပေါပေါလောလော တင်သွင်း ခွင့်ပေးနေတာဟာ အစိုးရ အ လို့ တုံးလို့ ဖြစ်ကြောင်း လည်း တင်ပြခဲ့ သည်။ ပြည်သူများ ကားသစ် ကို ဈေးချို ချို နှင့် စီးနိုင်ဖို့ ကားစက်ရုံကြီးများ လာရောက်ရင်းနှီးမြုတ်နှံ ရန် စီမံ နေခြင်းအား ပြောင်းပြန်ပြန်သွားရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
ယခင် မူဖြစ်သော (၁၈) နှစ်ပြည့်သူတိုင်း ကားသွင်းနိုင် ခြင်းသည် အခွန်ရှောင်သူများ အကြိုက်ဖြစ်ပြီးဒီဇင်ဘာလ အတွင်း ကားစီးလုံးတိုက် လူစုပြီး ကားသွင်းရန် ဘဏ် စာရင်းဖွင့်ကြသည်။ (၅)နှစ်သာကုန်တော့မယ် သူများနံမည်နဲ့ ကားတွေ ဗုံးဗောလဟော တင်သွင်းနေတာ မရပ်နိုင်သေး။ rule of law တွင်တွင်ပြောပြီး လက်တွေ့ကတော့ ကြုံရာတက်နဲ့ လှော်ကြသည်။ ဖေ့ဘုတ်ကအော်ရင် ပြာရာခတ်ပြီး တောနင်းတောင်နင်း နဲ့ ဦးတည်ရာမရှိ။
ပြည်သူတွေ ကား ကောင်း ကောင်း စီးနိုင်ရေး နှင့် နိုင်ငံတော် အခွန်ရရှိရေး အတွက် တခါမှမစဉ်းစား ခဲ့ကြသူ လုပ်ငန်းရှင်များ ၏အသံ ကို ပြည်သူ့အသံဟု ထင်ကြသည်။ အခွန်မဆောင်သော ဝယ်ရောင်း များအတွက် အမြဲအော်ပေးနေသူ ကိုပြည်သူ ဟု ထင်နေ ကြ သည်။
ဝန်ကြီးဌာန နှစ်ခု သေချာမညှိ နှိုင်းခဲ့သော လှစ်ဟာမှူကြောင့် အရောင်းစင်တာများ နစ်နာ နေမှူ ကို မနစ်နာ အောင် ဆောင်ရွက်ပေးသည် မှာ မှန်ကန်သော ဆောင်ရွက်ချက် ဖြစ်သော်လည်း ကားစုတ် များကို စည်းမရှိ ကမ်းမရှိ ပေးသွင်း မည့် မူဝါဒ ပြန်လည်ချ မှတ်မည် ဆိုပါက
၁။ ကားဟောင်း အရေအတွက် မသိပဲ တင်သွင်းခွင့် ပါမစ် တလစပ်ချပေး နေခြင်းဖြင့် အရောင်းစင်တာများ မှကားများ တစ်နှစ်အချိန် ပေး သော်လည်း စည်းကမ်းတစ်ကျ မှတ်ပုံ တင်နိုင်ရန် မဖြစ်နိုင်ပါ။ နောင် နှစ်ပေါင်းများစွာအထိ without များအဖြစ် မှတ်ပုံမတင်ပဲ အသုံးပြုနေကြဦးမည်။
၂။ ယခု ယာဉ်ပိုင်ရှင် အမည်ပေါက်မဟုတ်ပဲ တစ်ခြားလူ အမည်ဖြင့် ကားများကို စီးနင်းနေ ကြပြီး ကမ္ဘာပေါ်တွင် စည်းကမ်းအပျက်ဆုံး နိုင်ငံ ဖြစ်နေ သည်။ ထိုစနစ်ဆက်လက် ရှင်သန် ပေမည်။
၃။ တာဝန်ယူ မှူ အလျဉ်း မရှိသော လုပ်ငန်းရှင်များ စုစည်းထားရာ နေရာဖြစ်၍ ထို လုပ်ငန်းစုကြီးမှ တာ ဝန်မယူ တတ်သော တက်သစ်စ လုပ်ငန်းရှင်များ မွေးထုတ်နေပေ ဦးမည်။ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား ဘာမှမကျက်လည်း အစိမ်းလိုက်မြို ကြ ပေသည်။ တိုက်ကြေကား တင်သွင်းမှူ၊ နယ်စပ်မှ မော်ဒယ်မြင့်ကားများ ကာစတန် နှင့်ပေါင်း ၍ မော်ဒယ် အနိမ့်ပြ ပြီး အခွန်ရှောင်တင်တွင်းမှူ များ ဆိပ်ကမ်း မှလည်း မော်ဒယ် year နှိမ့် ပြီး တင်သွင်း အခွန် ရှောင်နေကြ သည်။
၎။ တိုင်းဒေသ ကြီးတက္ကစီ ပါမစ်များ ကိစ္စ။ ကုမ္ပဏီ အမည်ဖြင့် truck ကားများ တင်သွင်းရောင်းချ ခြင်းလုပ်ငန်းများ ကိစ္စ ကို ကြည့်လျှင်လည်း ကားလောက တွင် နိုင်ငံတော် အခွန်နစ်နာမှူ နှင့် စည်းကမ်း ဥပဒေ ချိုးဖောက်မှူ များကို မမြင်ချင် တစ်ဆုံးတွေ့ရပေမည်။
၅။ ကားဟောင်း များပေးသွင်း နေခြင်း ဖြင့် နိုင်ငံသားများ လုပ်ငန်းရှင်များ အကျိုး ရှိခြင်း နဲပါးပြီး ဂျပန် မှ ပါကစ္စတန် လူမျိုး ကုမ္ပဏီ ဖြစ်သော SBT ကုမ္ပဏီ သာ မြန်မာ ကားလောက ကိုလက်ဝါးကြီး အုပ်ခွင့် ရသွားသည်။ ရန်ကုန် မှ တရားဝင် ဈေးကွက်ရော မဲဆောက် မှ တရားမဝင် ဈေးကွက် ကိုပါ ယိုဒယား နိုင်ငံ TRANSIT ဖြင့် Without ကားများ လှိုင်လှိုင်ကြီး တင်ပို့နေပေသည်။
နိဂုံးချုပ် တင်ပြလိုတာကတော့ ဝန်ကြီး တို့သည် သားဆိုးသားမိုက် များ မဟုတ်ပါ။ စည်းကမ်းပျက်နေသော industry ကြီးကို တည့်မတ် နိုင်မည့် ကောင်းမွန်သော ဥပဒေ တစ်ခုပြု ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ သေချာလေ့လာကြည့်သောအခါ အတွေ့အကြုံ ရှိသော ဥပဒေ ပညာရှင်များ စုပေါင်းရေးဆွဲ ထားခြင်းဖြစ် ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော် အခွန် အပြည့်အဝ ရရှိရေး။ ယာဉ်အန္တရာယ် လမ်း အန္တရာယ် ကင်းရှင်းရေး။
ပါတ်ဝန်းကျင် ထိန်းသိမ်းရေး။ လုပ်ငန်းများ စနစ်ကျပြီး ဖွံ့ဖြိုးတိုးတက်လာရေး။ မော်တော်ယာဉ် industry လမ်းမှန်ကမ်းမှန် ဖွံ့ဖြိုး တိုးတက်လာရေး အစရှိသည်များ ထောင့်စုံအောင် ပါရှိပြီး အနာဂါတ် တွင် ပြည်သူများ ကားသစ်များ ဈေး ချို ချို ဖြင့် တွင်ကျယ်စွာ အသုံးပြု နိုင် မည်ဖြစ်ပါသည်။
သို့ဖြစ်၍ မော်တော်ယာဉ် အသစ်များကို သက်သာအောင် အခွန်လျှော့ ပေးပြီး အဟောင်းတင်သွင်း ခြင်းလုပ်ငန်းအား ရပ်ဆိုင်း သင့် ပါပြီ။ မော်တော်ယာဉ် ဥပဒေ အသစ် ဖြင့် ပျက်စီး နေသော ကားလောက ကြီးအား ပြန်လည်တည့်မတ် သင့်သည်။
အောင်ဝင်း

No comments:
Post a Comment