Wednesday, January 6, 2016

AA အဖွဲ့နှင့် မွတ်ဆလင်အဖွဲ့ တွေ့ဆုံ

Breaking News!
AA အဖွဲ့နှင့် မွတ်ဆလင်အဖွဲ့ တွေ့ဆုံ
၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်နေ့က AA အဖွဲ့က ကျော်ဟန်နဲ့ အဖွဲ့ဝင် ၅ ဦးဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ အုန်းတပင် ဆိုတဲ့ ရခိုင်ရွာလေးကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်...
အုန်းတပင်ရွာလေးက ရခိုင်ဘုန်းကြီးကျောင်းမှာ ပြည်ပအခြေစိုက် မွတ်ဆလင် အဖွဲ့တွေနဲ့ ဇန်န၀ါရီ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်... တွေ့ဆုံဆွေးနွေးပွဲမှာ AA အနေနဲ့ လက်ရှိ ကျောက်တော်မှာ ဖြစ်နေတဲ့ စစ်ရေးအခြေအနေကို ပြောပြပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းအပြင် မြန်မာ့တပ်မတော်ကို ၀င်ရောက် တိုက်ခိုက်ပေးဖို့ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်....
AA အဖွဲ့ကသာ ရခိုင်ဒေသမှာ အခြေချခွင့်ရရှိပါက မွတ်ဆလင်အဖွဲ့ကိုပါ အခြေချ နေထိုင်လို့ရအောင် စီစဉ်ပေးမှာဖြစ်သလို AA နဲ့ မွတ်ဆလင်တို့ တွဲလက်ညီစွာနဲ့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ချေမှုန်းသွားကြမယ်လို့ သဘောတူညီ မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်...
AA အဖွဲ့ဟာ KIA လိုင်ဇာဌာနချုပ်မှာ ရှိကတည်းက မွတ်ဆလင်ညီနောင်အဖွဲ့နဲ့ အဆက်အသွယ် ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း အကူအညီရရှိခဲ့ပါတယ်....

တပ်ကြပ်ကြီး ဖိုးစီ
ဓာတ်ပုံ - AA အဖွဲ့မှ ကျော်ဟန်

No comments: