Thursday, January 14, 2016

စည်းကမ်းချက်နှင့်မညီသဖြင့် ငုံးမင်းငြုပ်ဆီ ထုတ်လုပ်ခွင့်ရပ်ဆိုင်းခံရ






စည်းကမ်းချက်နှင့်မညီသဖြင့် ငုံးမင်းငြုပ်ဆီ ထုတ်လုပ်ခွင့်ရပ်ဆိုင်းခံရ

မန္တလေးမြို့တော်အခြေစိုက် ငုံးမင်းအမှတ်တံဆိပ် ငြုပ်ဆီလုပ်ငန်းသည် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ခြင်းမရှိသဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ ထုတ်လုပ်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သီရိမာလာ(အရှေ့) သဘောင်္တန်းရပ်ကွက်ဒေသခံများက မီးဘေးအန္တရယ်စိုးရိမ်ရသည်ဟု တိုင်ကြားမှုကြောင့် ဇန်နဝါရီလ ၁၄ ရက်နေ့က စည်ပင်သာယာရေးကော်မတီနှင့် ဌာနပေါင်းစုံသွားရောက်စစ်ဆေးရာ ဆားနှင့်ငြုပ်ရည်ကြိုရာတွင်ထားရှိသည့် မီးဖိုသည် မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း၊ မီးခိုးများကြောင့် ပတ်ဝန်းကျင်ထိခိုက်ခြင်းတို့ကြောင့် လုပ်ငန်းပိတ်သိမ်းရန် အသိပေးထားပြီးဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်များအရ သိရသည်။

(Photo- Mandalay City Development Committee Facebook Page)

No comments: