တောင်အာဖရိကမှာ အပန်းဖြေနေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ဆီကို
ပါးပျဉ်းထောင်ပြီး ပေါက်ဖို့လာတဲ့ မြွေဟောက်တစ်ကောင်ကို
လည်မျိုကနေကိုင်ပြီး အဝေးကို ပြန်လည်လွှင့်ပစ်ခဲ့ပါတယ်။
ရောဘတ်ဆင်ရေကန်ဘေးမှာ အနားယူရင်းအပန်းဖြေနေတဲ့ သူမဟာ ကမ်းခြေကနေ သူမဆီ
တည့်တည့်မတ်မတ်လာနေတဲ့ မြွေကို နင်ဂျာလို လျင်မြန်တဲ့လက်နဲ့
လည်မျိုကနေကိုင်ပြီး ပြန်လည်လွှင့်ပစ်ခဲ့ပါတယ်။
သူမဟာ မြွေလာနေတာကို ကြောက်ရွံခြင်းအလျဉ်းမရှိဘဲ လျင်လျင်မြန်မြန်နဲ့
အခုလိုပြန်လည်ကိုင်တွယ်တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို Youtube
ပေါ်တင်ခဲ့တဲ့အခါမှာတော့ ကြည့်ရှုသူတွေများပြားခဲ့ပါတယ်။ ဒါဟာ
လုပ်ကြံမှုတစ်ခုသက်သက်သာဖြစ်ပြီး လူတစ်ယောက်က မြွေရုပ်ကို
ငါးမျှားချိတ်မှာချိတ်ပြီး ကြိုးနဲ့ ဆွဲယူခဲ့တာပါ။
ဒီဗီဒီယိုကိုတော့ လူထောင်ပေါင်းများစွာက ကြည့်ရှုခဲ့ကြပြီး
မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ကိုးစက္ကန့်စာ ဗီဒီယိုမှာတော့ လှည့်စားမှုကို
ယုံကြည်သွားကြတဲ့ လူတွေရှိသလို အချို့ကလည်း သေချာကြည့်ရှုပြီးမှ
မှတ်ချက်တွေပြုခဲ့ကြပါတယ်။
" ပုံရဲ့ ထောင့်မှာ ငါးမျှားတံနဲ့ ချိတ်ဆွဲပြီး မြွေရုပ်ကို ဆွဲလာတာကို
မမြင်ကြတာလား။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ပြောင်မှုတစ်ခုပါပဲ " ၊
" အတုကြီးမှန်းသိသာလွန်းပါတယ်။ မြွေတွေက အဲ့လောက်မမြန်သလို တည့်တည့်လည်း
ဘယ်တော့မှမလာပါဘူး " လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

No comments:
Post a Comment